အပိုင်း ၁၁
သူက ရုတ်တရက်ဝင်လာသဖြင့် ဖေးရွှီ၏ လက်ကပင် တုန်သွားသည်။ ကျိုင်ရှင်းချန်က မျက်လုံးကို အလျင်အမြန် ပိတ်လိုက်သည်။ဖေးရွှီက လက်ကို အနည်းငယ် ခါလိုက်သည်။ သူ၏ မျက်နှာကမူ ခပ်တင်းတင်းဖြစ်သွားသည်။
“ တောင်းပန်ပါတယ်”
“ အလန့်တကြားပါလား”
“ကျွန်တော် မအောင့်နိုင်တော့လို့ပါ”
“ ကျွန်တော့်ကို မနက်အစောပိုင်းကတည်းက ရိုက်ကူးရေးအဖွဲ့က လာခေါ်သွားတာ”
ဖေးရွှီက တဖက် ပြန်လှည့်လာသည်နှင့် သူက အလျင်အမြန် နေရာဝင်ယူလိုက်ပြီး ရေဆွဲချခြင်းကိုပင် မစောင့်တော့ဘဲ ဘောင်းဘီရှည်ကို ဆွဲချလိုက်တော့သည်။
ဖေးရွှီက လက်ဆေးနေရင်းမှ မှန်ကို မော့ကြည့်သည်။
အပေါ့သွားသောအခန်းက မှန်နှင့်မျက်နှာချင်းဆိုင်ဖြစ်လေရာ မြင်ကွင်းကောင်းကို တန်းမြင်နိုင်သည်။
ဖေးရွှီက မျက်နှာအနည်းငယ် ချလျက် လက်သန့်ဆေးရည်သုံးပြီး လက်ကို သေချာ ပွတ်ဆေးလိုက်သည်။ ကျိုင်ရှင်းချန်က အချိန်အတန်ကြာ အောင့်ထားခဲ့ရသောကြောင့် ဖြစ်လောက်သည်။ သူ၏ သေးထွက်သည့် အရှိန်က အလွန် နှေးနေသည်။
“ ရှိုးကို အဲဒိလောက်အထိ အလေးအနက် ထားနေစရာမလိုဘူး၊ ပြောရရင်ကိုယ်တို့က ပူးပေါင်းဆောင်ရွက်တဲ့သဘောပဲ”
ဖေးရွှီက လက်ကိုသ ုတ်ရင်း ဆက်ပြောသည်။“ အင်တာဗျူးအတွက ်ဒီလောက်အထိ အောင့်ထားစရာ မလိုဘူး”
ကျိုင်ရှင်းချန်က ပြုံးကာ ပြောသည်။
“ နောက်တခါဆို ကျွန်တော် သတိထားပါ့မယ်”“ မင်းက သဘောကောင်းလွန်းတယ်”
ရုတ်တရက် ဖေးရွှီ၏စိတ်က ထူးခြားသော ခံစားချက်တမျိုး၏ ဝင်ဆောင့်တိုးလာခြင်းကိုခ ံလိုက်ရသည်မှာ မနက်စောစော အလွန်ပူသည်ဟုပင် ခံစားလာရစေသည်။ ကျိုင်ရှင်းချန်က သူ၏အရှေ့တွင် ဖုံးကွယ်ချင်စိတ် မရှိနေသည်မှာ သူ့အား ထူးခြားသော ခံစားချက်မရှိ၍ဖြစ်နိုင်သည်။အာ သူက အစကတည်းက အကျော် ခံရပြီလား
ကျိုင်ရှင်းချန်က အသားဖြူတယ်။ ဖြူလွန်းတာမှ ခရင်လေးလိုပဲ။သူရဲ့မျက်နှာလေးကို ကြည့်လိုက်ရုံနဲ့ နေရာတိုင်းက ပန်းရောင်သန်းပြီး ဖြူဖွေးနေမယ်လို့ တွေးမိစေတယ်။
ဒီနေ့မှ သူလည်း ထိုအတွေးက မှန်မှန်း သိလိုက်ရတယ်။