အပိုင်း-၁၃
ပျံသန်းသော ဘုတ်ပြားဟာ သူ၏ခြေထောက်အောက်မှ အတောင်ပံများအလား သူ့ကို ရေပေါ်ရောက်နေသော iron man တစ်ယောက်လို ဖြစ်သွားသည်။သူ၏ကျန်းမာသော ဂျုံကဲ့သို့ အသားအရောင်နှင့် ပေါင်းစပ်ပြီး သူ၏ တက်ကြွရွှင်လန်းလွန်းနေသော အပြုံးနှင့် မြင့်မားသန်မာသည့် ခန္ဓာကိုယ်ကြောင့် ကျိုင်ရှင်းချန်အနေနှင့် အခြားသော အနီရောင်အသင်းဘက်မှ ဧည့်သည်တော်လေးယောက် မရှိခြင်းကိုပင် မုန်းတီးမိသွားသည်။
ဟော့ချန်း၏ ဖျော်ဖြေမှုကား မင်သက်စရာကောင်းလွန်းလှသည်။တခဏ အတွင်း တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေကြသော သူထဲက မည်သူကများ ဒီလိုလူမျိုးကို မချစ်ဘဲ နေနိုင်မည်နည်းဟုတွေးမိသွားသည်။လူပေါင်းမြောက်များစွာက သူ့အပေါ်ကျရှုံးသွားလောက်လေသည်။
[သောက်ကျိုးနည်း!! ဒါက သောက်ရမ်းမိုက်လွန်းတယ်]
[ဟော့ချန်းက တအားချောတာပဲ။အား..! အရမ်းလည်းသန်မာပြီး အားအင်အပြည့်နဲ့ ခန့်ညားချောမောနေတာ ဟော့ချန်း ကျေးဇူးပြုပြီး ငါ့ကို ကြည့် လိုက်စမ်းပါ။]
[တကယ် အံ့ဩစရာပဲ! ဒါက ပျံသန်းနိုင်တဲ့ ဘုတ်ပြားချန်ပီယံပြိုင်ပွဲမှာတောင် ဝင်ပြိုင်လို့ရတဲ့ အဆင့်မဟုတ်လား]
ဒီလိုအချိန်မျိုးတွင် ဟော့ချန်းကိုသာ မျက်လုံးထဲတိုက်ရိုက် ကြည့်လိုက်မိပါက အကြည့်ပြန်လွှဲရန်ပင် ခက်ခဲသွားပေလိမ့်မည်။
ကျိုင်ရှင်းချန်ဟာ ကမ်းခြေတွင်ထိုင်နေပြီးနောက် ထိုတခဏကို ဓာတ်ပုံရိုက်ယူချင်သွားသည်။ထို့နောက်သူက အနီဘက်မှ အလှလေးများကို ပြန်ပြနိုင်မည် ဖြစ်သည်။
ရုတ်တရက် အနားရှိ ဝန်ထမ်းက သူ့ကိုပြောလာသည်။
"ကင်မရာက ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးရိုက်သင့်တယ်။အနီးကပ်ရိုက်မှ အပေါ်ပိုင်းတစ်ဝက်ကိုပဲ ရိုက်ရမယ်"
"အဆင်ပြေပါတယ်။နောက်ပြီးရင် ပြန်ပြင်ကြမှာပဲ"
ကျိုင်ရှင်းချန်က တစ်ခဏမျှကြောင်သွားသည်။ထို့နောက် အနောက်သို့ ကိုင်းလိုက်ကာ ကင်မရာ၏ အနောက်သို့ သွားကြည့်လိုက်သည်။