177 54 11
                                    

 အပိုင်း ၆

ယန်ကျစ်က ကျိုင်ရှင်းချန်ကို ကြည့်သည်။

“ မင်းက ဗဟိုအက အကယ်ဒမီက မဟုတ်လား”

ကျိုင်ရှင်ချန်က အေးခဲသွားသည်။

“ ဘယ်လိုသိတာလဲ”

“ မင်းတို့က အချင်းချင်း သိကြတာလား”

ဟော့ချန်းက ၀င်မေးသည်။

ကျိုင်ရှင်းချန်က ပြောသည်။

“ ကျွန်တော်တော့ သူ့ကို မမြင်ဖူးတာ သေချာတယ်။ ဒီလို နတ်ဘုရားကို မြင်ဖူးရင် သေချာပေါက် မေ့မှာ မဟုတ်ဘူး”

လူအုပ်က ယန်ကျစ်ကို လှည့်ကြည့်သည်။

 ယန်ကျစ်က ပြုံးလိုက်သည်။ထိုအခါ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ၀မ်နော့၏ နားရွက်များက နီရဲသွားကာ သူ့အား မော့မကြည့်ရဲတောချေ့။

“သူက ဗဟိုအကအကယ်ဒမီရဲ့ ကျောင်းသားလေ”

 ကျိုင်ရှင်းချန်ပင် ယန်ကျစ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။တ ဖက်က သူ့အား နွေးထွေးစွာ တည်တည်ကြည်ကြည် အပြုံးနှင့် စိုက်ကြည့်နေသည်။

  “ကျွန်တော်ရဲ့ ညီမကလည်း ဗဟိုအကအကယ်ဒမီကဆိုတော့ ကျောင်းကို သွားဖြစ်ရင်း တွေ့ဖြစ်ခဲ့တာပါ”

ယန်ကျစ်က ယဉ်ကျေးစွာ ရှင်းပြသည်။

သူ၏ လေသံက ဖြေးညင်းကာ အလွန်အမင်း နားထောင်ကောင်းလွန်းလှသည်။ သူ၏ စကားသံထဲတွင် ရှက်ရွံ့မှုနှင့် သိချင်စိတ်ပြင်းပြမှုတို့က တစွန်းတဆ ပါဝင်နေကာ သူ့အား ပို၍ စူးစမ်းချင်လာစေမိပြီး နားလည်လာစေချင်စိတ် ဖြစ်လာစေသည့်အပြင် သူ၏ လူကြီးလူကောင်းဆန်မှုကိုလည်း ခံစားမိကြသည်။

ဟော့ချန်းက ၀ိုင်ခွက်ကို မယူကာ တစ်ငုံသောက်သည်။

ဖေးရွှီ၏ အမူအယာက လေးလံနေကာ မျက်မှောင်ကိုလည်း ကြုတ်ထားသည်။ သူ၏ အောက်နှုတ်ခမ်းကို စောင်းကာ သုတ်လိုက်ချိန်တွင် ပြစ်ချက်ကင်းသော ဘေးတိုက်မျက်နှာကို ရှင်းလင်းစွာ မြင်ရသည်။

ဘာလို့အဓိက ဇာတ်ကောင်တွေက ငါ့ကိုဒီလို လာကြည့်နေတာလဲTahanan ng mga kuwento. Tumuklas ngayon