စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၄)
.
.
.
" အန်ကယ်ပြောတဲ့ နေရာတွေလည်း ကျွန်တော်
သွားရှာတာ နှံ့နေပြီ။အန်ကယ် စဥ်းစားမိတဲ့ တခြားနေရာတွေရော ရှိသေးလား...။မိုးကချုပ်နေပြီ၊သားပါ ပါသွားလို့ ကျွန်တော် စိုးရိမ်မိတယ် "" သမီး သွားတတ်မယ့်နေရာတွေက အန်ကယ်
သိတာ အကုန်ပါပဲ။တခြား စဥ်းစားမိတာလည်း
မရှိတော့ဘူး။အန်ကယ်လည်း မြေးနဲ့မို့ ပိုစိတ်ပူတယ် သားမာန် "" စိတ်မပူပါနဲ့ အန်ကယ်။ကျွန်တော် တွေ့အောင်ရှာမှာပါ "
" လေးလေး အစ်မ အိမ်ကနေ ထွက်သွားလို့ဆို.. "
" ဟုတ်တယ်။ သားရသော် ရေ... မင်း မမကြောင့်
အန်ကယ် စိတ်ပူနေရပြီ "" သူက ဘယ်သူလဲ အန်ကယ် "
"လင်းသုဒြာ" နဲ့ အသက်သိပ်မကွာလောက်တဲ့
ကောင်လေးက အန်ကယ်နဲ့ ရင်းနှီးပုံရတာမို့...
မာန်, ခပ်ကျုံ့ကျုံ့ မျက်ခုံးတန်းတွေနှင့် ကောင်လေးကိုကြည့်ရင်း... အန်ကယ့်ကို မေးလိုက်သည်။" ဟုတ်သားပဲ... သားမာန်နဲ့ သားရသော် က
တစ်ခါမှ မတွေ့ဖူးသေးဘူးဘဲ။ရသော် က အန်ကယ့်ရဲ့ တူလေးပါ။ရသော့်အမေက အန်ကယ့်ညီမအရင်းလေ။ရသော့်မိဘတွေက မရှိကြတော့ဘူး။အန်ကယ်ကပဲ စောင့်ရှောက်ပြီး မွေးထားတာ။သားရသော် နူတ်ဆက်လိုက်အုံး။သားအစ်မရဲ့ အမျိုးသားပဲ။နာမည် က အဂ္ဂမာန် လို့ ခေါ်တယ် "" ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ် ဗျ။
ကျွန်တော့်ကို လေးလေးလိုပဲ ရသော် လို့ ခေါ်လို့ရပါတယ် ဗျ။အစ်မ အမျိုးသားဆိုတော့... အစ်ကို က ကျွန်တော့် အစ်ကိုပဲပေါ့ "မောင်နှမတော်တယ်ဆိုပေမယ့်... ကောင်လေးသည် ကိုယ့်ရဲ့ချာတိတ်မလေးလောက် မဆိုးပေ။
အတော်လေးကို ရိုးသားပြီး၊ယဥ်ကျေးပုံလည်းရသည်။" အင်း... ငါက မင်း အစ်မအမျိုးသားဆိုတော့
အစ်ကိုပဲပေါ့ "" ဟို... အစ်မနဲ့ ကွာရှင်းထားတယ်မလား။အခုလာတာ အစ်မနဲ့ ပြန်ပေါင်းဖို့လား... အစ်ကို က "
YOU ARE READING
စည်းချက်မညီသော ရင်ခုန်သံ
Romanceအသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။