စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၆)
." ဟင်... "
ဒြာ,သည် အခန်းထဲကနေပြေးထွက်ပြီး၊ထမင်းစားခန်းနှင့် အိမ်ရှေ့ခန်းတို့တွင် သူနှင့် သားလေးများရှိနေမလား အထင်ဖြင့် အပြေးအလွှား ကြည့်မိသော် လည်း အမောသာဆို့သွားရသည်။
သူ့ကိုမတွေ့တာကို ဘာမှမဖြစ်ပေမဲ့... သူ့ဆီကို အပါမခံနိုင်တဲ့ သားလေးကိုမတွေ့ရတာက... ဒြာ့,ကို
ထိတ်လန့်၊ခြောက်ခြားစေသည်။အိမ်ထဲမှာ သားနှင့်သူမရှိတာ သေချာသွားတာနဲ့
ဒြာ,သည် သူ့ဖုန်းကို မသိတာကြောင့်... သူ့ကိုယ်စားသူဌေးနေရာယူထားတဲ့ မမျိုးသင်ဇာဆီကို ဖုန်းဆက်ပြီး၊သူ့ဖုန်းနံပတ်ကို မေးရ၏။ဖုန်းနံပတ်ရတာနဲ့ ဒြာ,သည် သူ့ဆီကို ဖုန်းဆက်လိုက်သည်။ဒြာ,သည် သူ သားကိုခေါ်သွားလို့... ဒေါသထွက်နေရသလို၊သားကိုသူပြန်မပေးမှာကို တွေးပြီး၊စိုးရိမ်ပူပင်နေမိတာကြောင့်... လူက ခြေမကိုင်မိ၊လက်မကိုင်မိနဲ့ တုန်ယင်နေမိ၏။သူ့ဆီ ဖုန်းခေါ်နေချိန်မှာ
နှလုံးက ထိတ်လန့်စိတ်ကြောင့် တဒိန်းဒိန်းမြည်းဟီးလို့နေ၏။" အဟင်း "
အတွင်းရေးမှူး လာကြိုတဲ့ ကားကို သားပါတာကြောင့် ကိုယ်တိုင်ကားမောင်းနေချိန်မှာ... သူမဆီက ဖုန်းဝင်လာတာကြောင့်... မာန်,သည် ကျေနပ်စွာဖြင့် ပြုံးလိုက်ရင်း... ဖုန်းကိုကိုင်လိုက်သည်။
" ပြော "
ကြည့်စမ်းပါအုံး... ဖုန်းဖြေပုံက ဘယ်လောက်တောင်
ဒေါသထွက်စရာကောင်းလိုက်သလဲလို့။သူများသားလေးကိုလည်း ခိုး ခေါ်ပြေးသွားသေးတယ်။စကားပြောပုံက အထက်စီးကနေ။အနားသာရှိလို့ကတော့ အဲ့လူကို အနားတွေ့ရာ ပစ္စည်းတွေနဲ့ ဒြာ,ကောက်ပေါက်မိမှာ။သူ ကံကောင်းသွားတာက ဒြာ,နဲ့အဝေးဆုံးမှာ ရောက်နေတာကြောင့်ပါပဲ။သူ့ကို ဒေါသထွက်နေပေမဲ့လည်း သားက သူ့ဆီမှာ ရှိနေတာမို့... စကားကို
ကောင်းကောင်းမွန်မွန်နဲ့ ပြောလိုက်သည်။" ရှင် အခုဘယ်မှာလဲ... "
" ကိုယ်လား... အောင်ပန်းကိုပြန်နေတဲ့ လမ်းပေါ်မှာ "
VOUS LISEZ
စည်းချက်မညီသော ရင်ခုန်သံ
Roman d'amourအသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။