စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၁၃)
." ရှင်နဲ့ မပြန်ချင်လို့ တက္ကစီတားနေတာ မမြင်ဘူးလား "
" ညအချိန်မတော် မလုံမခြုံအဝတ်စားနဲ့ တက္ကစီတားစီးဖို့လုပ်နေတာ။မင်း က တော်တော်လေး သတ္တိကောင်းနေတယ်ပေါ့ "
" ဟုတ်တယ် "
" ဘာကို ဟုတ်တာလဲ... လာခဲ့ မင်း က အသာတကြည် လွှတ်ပေးထားလို့မရတော့ဘူး "
" အား... လင်းသုဒြာ! "
ကားဆီသွားဖို့ သူမလက်ကိုဆွဲခေါ်တဲ့ မာန့်ရဲ့လက်ကို အားနဲ့ကိုက်ချပစ်တဲ့ သူမ။
" မင်း သိပ်ဆိုးနေပါလား... လင်းသုဒြာ ကိုယ့်ရဲ့သည်းခံစိတ်ကဂိတ်ဆုံးသွားရင် မင်း ဒီနေရာမှာ တစ်ခုခုဖြစ်သွားလိမ့်မယ် "
" အဟင်း အခုမှ ပေါ်လာတော့တယ်... ကြမ်းတမ်းတဲ့ ရှင့်ရဲ့ သရုပ်အမှန်က... "
" ဘာကွ! "
" ဒြာ့အပေါ်ဆို ရှင် က အမြဲတမ်း ကြမ်းတမ်းနေတာလေ။အခုလည်း ကြည့်လေ... ဒြာ့ကိုတစ်ခုခုလုပ်ပစ်ချင်နေတာလေ "
" ဆောရီး... ကိုယ် မင်းကိုအော်မိသွားတယ်။ကားပေါ်တက်။ကိုယ်တို့ ပြန်ကြရအောင် "
" အဟင်း အခုအော်လိုက်၊အခုချော့လိုက်နဲ့ မျက်နှာဖုံးတွေက တော်တော်လေးပေါများတဲ့ပုံပဲ။
ဘယ်လိုလုပ်မလဲ... ဒြာ,ကလေ မျက်နှာတစ်ခုပဲရှိပြီး၊နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်ကိုပဲ အလိုရှိတာ
ရှင့်။အဲ့ဒါကြောင့်... ဒီလောက်နဲ့ပဲ သွားလိုက်ပါဦးမယ် "သူမက မာန့်,ကို မဲ့ပြုံးလေးနဲ့ ပြောပြီး၊တက္ကစီတားဖို့
လမ်းမပေါ်နားက်ို တိုးလျှောက်သွားလေသည်။တမင် အရွက်တိုက်ဖို့ တွေးထားပုံရတဲ့ သူမအပေါ်
မာန့်,ရဲ့စိတ်ရှည်မှုကလည်း ကုန်ဆုံးသွားခဲ့သည်။" အဟင်း မင်း က ကိုယ့်ကို သွေးတိုးစမ်းနေတာပဲ "
" အမေ့...! ဘာ ဘာလုပ်တာလဲ... ပြန်ချပေး "
ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ကားကိုဖမ်းတားဖို့ လုပ်နေတဲ့ သူမကို ပခုံးပေါ်ကောက်ထမ်းပြီး ကားဆီကို ပြန်ခေါ်လာခဲ့လိုက်သည်။
YOU ARE READING
စည်းချက်မညီသော ရင်ခုန်သံ
Romanceအသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။