စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၇)
." ဒြာ့ သား ဘယ်မှာလဲ "
" တစ်ယောက်တည်း လာတာလား... မင်း အမျိုးသားရော မပါဘူးလား... "
" ဦးအဂ္ဂမာန်! "
လူချင်းတွေ့တာနဲ့ ဒြာ့မှာ ဒေါသကစထွက်ရတော့သည်။တကယ့်ကို မုန်းစရာကောင်းသော လူ။
" အဟင်း ဘာလို့ ဒေါသထွက်နေတာလဲ။ကိုယ် မင်းကိုမေးတဲ့ စကားထဲမှာ ဒေါသထွက်ရလောက်တဲ့
စကားတစ်ခွန်းတလေတောင် မပါဘူးကွ "" ရှင့်အိမ်ကိုလာတဲ့ သူက ဒြာတစ်ယောက်တည်းဆိုတာ ရှင့်မျက်လုံးကောင်းသေးရင် မြင်မှာပေါ့။အမြင်ရင်တော့ ကန်းနေလို့ပဲ "
မျက်နှာလေးကိုမောချီပြီး ခပ်စွာစွာလေး ပြောသည့် သူမ။မာန့်အတွက်တော့ သူမ၏ ဒေါသမျက်နှာလေးက အသည်းယားဖွယ်အတိပင်။
" ကိုယ်က မင်း ကိုယ့်အိမ်ကိုလာတာ သားကိုလာခေါ်တာလို့ ထင်နေတာ။တကယ်တော့ မဟုတ်ပါဘူး ထင်တယ် "
" ဒြာ က သားကိုခေါ်ဖို့လာတာ မဟုတ်ရင်၊ဘာအတွက်နဲ့ ရှင့်ဆီကိုလာမှာလာလဲ "
" ပြောလို့မရဘူးလေ... ကိုယ့်ကို ချစ်နေသေးလို့
အိမ်ကိုလာတယ်ထင်မိတာပေါ့... "" နဖူးနဲ့ န့ရံကိုဆယ်ချက်လောက်တိုက်ပြီးတော့
သေလ်ိုက်၊အထင်ကြီးချက်က ကမ်းကုန်ပဲ "" အဟင်း "
" မုန်းစရာကောင်းအောင် ရယ်မနေနဲ့။သား ဘယ်မှာလဲ "
" သားလား... ကိုယ့်အခန်းထဲမှာရှိတာပေါ့ "
" ပြော... ရှင့် အခန်းဘယ်မှာလဲ... သားကိုသွားခေည်မလို့ "
" မင်း မေ့နေပြီထင်တယ် လင်းသုဒြာ "
" ဘာကိုပြောနေတာလဲ... "
" သားကို ကိုယ့်ဆီကနေ ခေါ်သွားချင်ရင်၊သားရဲ့အဖေကိုခေါ်လာပြီး၊ကိုယ်နဲ့တွေ့ပေးရမယ်လို့ မင်းအိမ်မှာ ကိုယ် ပြောခဲ့တာကိုတော့... မမေ့ဘူးလို့ထင်တယ် "
သူပြောလာတဲ့ စကားကြောင့် ဒြာ,မှာ အကြပ်ရိုက်သွားရသည်။တွေ့ရာလူကို ဆွဲခေါ်ပြီး သားရဲ့အဖေပါလို့ ပြောရအောင်လည်း သူက လွယ်လွယ်နဲ့ ယုံမည် မဟုတ်ပေ။ဒြာ, စိတ်တိုပြီးတော့ ပြောခဲ့မိတဲ့ စကားအတွက် တကယ်ပင် နောင်တရမိ၏။
ŞİMDİ OKUDUĞUN
စည်းချက်မညီသော ရင်ခုန်သံ
Romantizmအသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။