စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၈)
." Boss သူ့အတွင်းရေးမှူးနဲ့ အားချင်း ရန်ကုန်ကိုဆင်းသွားပါတယ် မိန်းကလေး "
" ဘာ...! ရန် ရန်ကုန် ကို ဟုတ်လား... "
" ဟုတ်ပါတယ် မိန်းကလေး "
ဒြာ,မှာ သူ့အိမ်ရဲ့ ခြံစောင့်ဦးလေးကြီး၏ စကားကြောင့် ခေါင်းထဲ သွေးများစောင့်တက်လာသလား
ထင်ရတဲ့ အထိ ဒေါသထွက်လာ၏။" အဲ့လူနဲ့အတူ ကလေးတစ်ယောက်ရောပါသွားတယ်မလား ဦးလေး "
" Bossရဲ့သား ကလေးငယ်ငယ်လေးကိုပြောတာထင်တယ်။အဲ့ကလေးလေးဆိုရင်တော့ ပါသွားပါတယ် "
" အဲ့လူရဲ့သား မဟုတ်ဘူး။ အဲ့ကလေးလေးက ဒြာမွေးထားတဲ့ ဒြာ့ရဲ့သားပါ။အခုလို ပြောပြပေးလို့
ကျေးဇူးတင်ပါတယ်။ခွင့်ပြုပါဦး "" ဟုတ်ကဲ့ မိန်းကလေး "
ဒြာ,ကားကို လက်တစ်ဖက်တည်းနဲ့ သူ့အိမ်ရှေ့ကနေ မောင်းထွက်ရင်း လက်တစ်ဖက်က သူ့ဆီဖုန်းခေါ်လိုက်သည်။
..
" တူ.. တူ.. တူ.. "
" အဟင်း သားသားရေ... မင်းမေမေ လူဆိုးမလေးတော့ ဖေဖေ့ကိုဆူပူဖို့ ဖုန်းဆက်လာပြီကွ "
မာန်,ပေါင်ပေါ်မှာ ပွေ့ချီလျက်သားလေး အိပ်ပျော်နေတဲ့ သားမျက်နှာလေး ချစ်မဝစွာနဲ့ကြည့်ကာ
စကားဆိုပြီး... မြည်နေတဲ့ ဖုန်းကိုကိုင်လိုက်သည်။" ဟယ်လို "
" ဦးအဂ္ဂမာန်! ရှင် သေချင်နေတာလား! ဟမ် "
ဖုန်းကိုင်လိုက်တာနဲ့ နားထဲစူးပြီးဝင်လာတဲ့ အမြင့်ဆုံးအသံနှုန်းနဲ့စကားသံကြောင့် မာန့်,နားပင်အူသွားရသည်။
တကယ်ပါပဲ ဒေါသကြီးချက်က နုနုထွတ်ထွတ် ရုပ်ကလေးနဲ့မှမလိုက်။
" မင်း စကားကိုကောင်းကောင်းပြောလို့မရဘူးလား။ဘာလို့ အော်ဟစ်ပြောနေတာလဲ။မင်းကြောင့်
ငါ့နားကန်းတော့မယ် လင်းသုဒြာ "" စကားအကောင်းပြောရအောင် ရှင်က လူကောင်းမို့လား။သူများသားကို ခိုးပြေးသွားတဲ့ ကလေးသူခိုး သားကို ပြန်မပေးရင် ရှင့်ကို ကလေးခိုးမှုနဲ့ အမှုဖွင့်တိုင်မယ် "

YOU ARE READING
စည်းချက်မညီသော ရင်ခုန်သံ
Romanceအသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။