1

4.5K 226 70
                                    

ခင်ဗျာတို့အချစ်ဆိုတာကို ရယူပိုင်ဆိုင်ခြင်းလို့
ထင်လား စွန့်လွှတ်အနစ်နာခံခြင်းလို့ ထင်လား အဝေးကနေသူပျော်တာမြင်တာနဲ့ ကိုယ်ပါပြုံးမိတာကို အချစ်လို့ထင်လား ကျွန်တော်တွက် အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ပဲ သတ်မှတ်ထားတယ်

လူတစ်ယောက်ကိုချစ်ပြီးဆိုမှတော့ သူပြုံးတာမြင်ရင် ကိုယ်ပါပြုံးတာမှန်ပင်မဲ့ တခြားသူကြောင့် ဖြစ်တည်လာတာကို သဘောမကျဘူးမလား ကိုယ့်ကြောင့် ပြုံးရင်
ကြည်နူးတယ်မလား စွန့်လွှတ်အနစ်နာခံမယ်
အဝေးကချစ်မယ်ဆိုတာ အလကား လူညံ့တွေပြောတဲ့စကားလို့ပဲထင်တယ် ချစ်မှတော့
အဲ့လူကိုပိုင်ဆိုင်ခြင်တာပဲ

ကျွန်တော်လဲ ကျွန်တော်သဘောကျရတဲ့သူ့ကို
ပိုင်ဆိုင်ခြင်းတာပဲ မရရအောင်လဲ ကျွန်တော်အပိုင်ဖြစ်အောင်လုပ်မှာ အခုလဲ အဲ့တစ်ယောက်သောသူကိုပိုင်ဆိုင်ဖို့အတွက် အမိမြေဖြစ်တဲ့ ကိုရီးယားကို ပြန်လာနေတယ်
တစ်ယောက်သောသူက ကိုရီးယားမှာလေ

တစ်ယောက်သောသူကို ဘယ်လိုစသိတာလဲဆိုရင်
သူတက်နေတဲ့ကျောင်းက Daddyပိုင်တဲ့တစ်ခုထဲက ကျောင်းပဲ ကျောင်းနှစ်ပတ်လည်မှာ onlineပေါ်မှာ သူတို့ကျောင်းသူကျောင်းသားပုံတွေ ပလူကိုပျံလို့
အဲ့မှစတွေ့ပြီး သဘောကျလို့ ကိုရီးယားမှာ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်လိုက်တယ် ဘဝမှာ
လိင်တူကိုစတင်သဘောကျချင်ပေါ့ အရင်တုန်းကတွဲခဲ့တာက ခဏတာ အပျော်ပါပဲ
ဒါလေးကတော့ အတည်ပေါ့ သူ့ကိုထိရင် လူသတ်ဖို့ပါ ဝန်းမလေးဘူး

တစ်ဦးတည်းသောချစ်ရသူလေးနာမည်က
Jeon Jungkookတဲ့ လှတယ်မလား ကျွန်တော်နာမည်က Kim Taehyung တစ်ချိန်ကျ Kimဆိုတဲ့နေရာမှာ
Jeon Taehyungဆိုတဲ့ သူရဲ့မျိုးရိုးနာမည်လေး
ချိန်းပစ်မယ်လ Kim Jungkookလို့ ပေးချင်ပင်မဲ့ ကိုယ်ကပိုချစ်တဲ့သူဆိုတော့ ကိုယ်ကပဲ သူမျိုးရိုးနာမည်ယူလိုက်တော့မယ်

.
.
.
.
.

ကျွန်တော်နာမည်က Jeon Jungkook မိသားစုဝင်သုံးဦးရှိတယ် ကျွန်တော်ရယ် အမေရယ် ညီမလေးရယ် ညီမလေးက အခုမှ
4တန်းတက်တုန်း အိမ်ရဲ့အသည်းသက်ပေါ့ ကျွန်တော်တို့မိသားစုက သာမာန်မိသားစုလေးပါပဲ
သူလိုဆိုအခုတက်နေတဲ့ကျောင်းကို မတက်နိုင်ပါဘူး ပညာသင်ဆုကြောင့် တက်နိုင်တာ ညီမလေးကျောင်းစရိတ်လဲရှိတော့
တစ်ချို့စာမလိုက်နိုင်တဲ့သူတွေကို စာပြပေးတယ်
အဲ့ကဝင်ငွေနဲ့ ကိုယ်ကျောင်းစရိတ်
ကိုယ်ပြန်ထောက်နိုင်ခဲ့တယ်

Don't Touch Mine!Where stories live. Discover now