10

586 39 11
                                    

Jungkookတို့အုပ်စုလဲ မနက်စာစားပြီး မြို့ထဲ
လျှောက်လည်နေတော့တယ် တကယ်က Taehyungကမြို့ထဲကအခြေနေကိုတစ်ချက်ပတ်ကြည့်တာ ပြီးတော့ကားပြိုင်မဲ့နေရာကိုပါ ကြည့်သွားလိုက်တယ်

"Taeညကျရင် ကိုယ်တို့ကားပြိုင်ပွဲကို လာကြည့်ရအောင်"

"ညကျမကြည့်ပါနဲ့ မနက်ဖြန်မှလာကြည့်မယ်လေ"

"ညကျဘာဖြစ်လို့လဲTaeရဲ့"

Taehyungခေါင်းရှုပ်လေပြီ ညကျသူကလူသတ်မိနိုင်တယ် အဲ့မြင်ကွင်းကိုJungkookကိုတော့မမြင်စေချင်ဘူး ကားမောင်းရင်ကနေ သူ့ကိုလှမ်းကြည့်တဲ့ Yoongi Hyungတို့အတွဲကသူမျက်နှာပျက်သွားတာကိုမြင်လို့ ဝင်ပြောပေးကြသည်

"ဒီနေ့ပွဲစဉ်တွေကသိပ်မမိုက်ပါဘူး ငါလိုင်းပေါ်မှာ
တွေ့တယ် မနက်ဖြန်ကျDrift Kingတွေပါ ဝင်ပြိုင်မှာ အဲ့ကျမှကြည့်ကြမယ် ဒီနေ့ငါတို့ညကျ ရုပ်ရှင်
ကြည့်ကြမယ်"

"အဲ့စီစဉ်တိုင်းလုပ်ကြတာပေါ့"

Taehyungလဲအဲ့ကျမှ ပြုံးနိုင်သွားတော့တယ်
Jungkookကိုပြုံးပြုံးကြီးဖက်ထားလိုက်တယ်

"Taehyungတို့များ အားနေJungkookပဲချွဲနေတော့တာပဲ"

"ဘာဖြစ်လဲ ဘာဖြစ်လဲ သူတောင်ဘာမှမပြောတာ
မင်းတို့ကဘာဖြစ်"

"စွာနေလိုက်တာကျန်း ဘယ်သူအားကိုးနဲ့လဲ"

"ဘယ်သူအားကိုးနဲ့နေနေပေါ့"

Jungkookရယ်မိသွားတော့တယ် နှုတ်ခမ်းတထော်ထော်နဲ့ အကုန်လုံးကိုပတ်စွာနေတာ တကယ်ပဲ
ဘယ်လိုဟာလေးမှန်းမသိဘူး

"ပြောလိုက်လေ Jungkookအားကိုးနဲ့လို့"

"ကြားလား နော်..."

အကုန်လုံးကTaehyungကို မျက်စောင်းထိုးကြတော့ Taehyungကလဲဘယ်ရမလဲ သူကပါမျက်စောင်း ပြန်ထိုးပစ်လိုက်တယ်

အကုန်လုံးကHotelရောက်တော့ ကိုယ့်အခန်းကို
ဝင်နားကြသည် Taehyungတစ်ယောက် ညကျ
Jungkookအလစ်ကိုဘယ်လိုထွက်ရမလဲဆိုတာ
စဉ်းစားနေရတော့သည်

"ဘယ်သွားမလို့လဲTae"

"ဟို Jiminအခန်းခဏလေးသွားမလို့"

"အခုမှအပြင်ကအတူတူပြန်လာတာကို ဘာသွားလုပ်မှာတုန်း"

မျက်မှောင်ကြီးကုတ်ကာမေးနေတဲ့Jungkook
ကြောင့် Taehyungတံတွေးတွေသာမျိုချနေမိတော့သည်

Don't Touch Mine!Where stories live. Discover now