2

1.1K 137 63
                                    

Taehyungတို့လဲ ညနေကျောင်းဆင်းတော့ Jungkookရဲ့ ဆိုင်လေးကို အုပ်စုလိုက် ထွက်လာလိုက်တယ် ထွက်မလာခင် ပြဿနာအရင်
ဖြစ်ခဲ့ရသေးသည်

"ကားမယူတော့ဘူး ခြေကျင်သွားကြမလား"

"မင်းလမ်းလျှောက်နိုင်ပါမလား"

"ဟမ်!ဘာလို့"

"ငါတို့ဆိုင်ကဝေးတယ်လေအဲ့ကြောင့်မေးတာ"

"ရပါတယ် ဘာဖြစ်လဲအဖွဲ့လိုက်သွားမှာကို ပျော်စရာတောင် ကောင်းသေး"

"အင်း မင်းသဘော အခါတိုင်းဆိုငါနဲ့Hoseokက Busစီးတာ မင်းကခြေကျင်ဆိုတော့လဲ ခြေကျင်ပေါ့"

"ခဏနော်"

သူလဲJungkookကိုပြောပြီး သူ့တွက်ထည့်ပေးထားတဲ့
သက်တော်စောင့်တွေကို အပြန်ဖုန်းဆက်လိုက်မယ်
အဲ့ကြမှလာကြိုဆိုပြီးပြောကာ ပြန်လွှတ်လိုက်ကာ
သူJungkookတို့နဲ့စကားပြောရင် ခြေကျင်လျှောက်လာ
ကြတော့သည်

"ငါBusလဲတစ်ခါမှမစီးဖူးဘူး တစ်ရက်မှစီးရမယ်"

"မင်းလိုသူဌေးသားကဘယ်စီးဖူးပါ့မလဲ မစီးပါနဲ့ လူတိုးရတယ် အနံ့ပေါင်းစုံရတယ် သတိမရှိရင် ခါးပိုက်က နှိုက်ခံရသေးတာ"

"ဟင် အဲ့လိုကြီးလား"

"အဲ့လိုကြီး ငါဆိုအဲ့ပေါ်ရောက်တာနဲ့ မျက်လုံးရော
အကုန်လုံးသတိထားပြီး လျင်နေရတယ်"

"ဟားးဟားး"

သူပြောတာကိုသဘောကျနေတဲ့Taehyung ရယ်စရာပါလို့လား အင်းပေါ့လေ သူပုံစံကြီးက အဲ့ချိန်ဆို
ရယ်စရာကောင်းတာကို ရယ်တာမဆန်ပါဘူး

"သူတို့ပဲအကို"

"ဘာလဲဟ"

"မင်းလား ငါ့ညီခေါင်းပေါ် ထမင်းတွေသွန်းချတဲ့ကောင်ဆိုတာ"

Jungkookရဲ့ကျောင်းနက်ကတိုင်ကို တစ်ဖက်လူက လက်နဲ့ဆောင့်ဆွဲလိုက်လို့ Taehyungလဲ သူလက်ကို
ဖြတ်ရိုက်ပြီး Jungkookရှေ့ထွက်ရပ်လိုက်တယ်

"ငါလုပ်တာ အဲ့တော့ဘာဖြစ်ချင်လဲ!"

"ကျောင်းသားသစ်ထင်တယ် ငါတို့ဘာကောင်တွေလဲဆိုတာ မသိဘူးလား"

"မင်းတို့ကဘာကောင်တွေမို့ ဘာသိရမှာ အခုကဘာဖြစ်ချင်တာလဲ ဒဲ့ပြော"

Don't Touch Mine!Where stories live. Discover now