5

867 106 38
                                    

Jungkookဒီနေ့ကျောင်းလာတာ နောက်ကျနေပြီး
ဖြစ်နေလို့ Busကားပေါ်ကဆင်းဆင်းချင်း ကျောင်းရှိရာကို ခြေလှမ်းသွက်သွက်နဲ့ လမ်းလျှောက်လာလိုက်တယ် ကျောင်းရှေ့မရောက်ခင်း
ကျောင်းရှေ့ကိုလှမ်းကြည့်တာ လူတွေအုံနေလို့ သူလဲထိုလူအုပ်ကြားထဲတိုးပြီး ဝင်ကြည့်လိုက်တာ
ရန်ဖြစ်ဖို့အသင့်ဖြစ်နေတဲ့ အုပ်စုနှစ်စု တစ်စုကတော့
ကျောင်းရဲ့Popular Taehyungတို့3ယောက် တစ်ဖက်က ဟိုဘက်ကျောင်းက ကောင်တွေ သူလဲဘာလုပ်ရမှန်းမသိ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့သာ လိုက်ကြည့်နေမိတော့သည်

"မင်းစော်နဲ့မင်းပြတ်တာ ငါကြောင့်လို့ပြောရအောင် မင်းစော်ကို ငါကကြိုက်တယ်ပြောလို့လား"

"မင်းကမပြောပင်မဲ့ သူရှေ့မှာအရမ်းအထာပေးလွန်တော့
သူကငါ့ကိုဖြတ်သွားတယ်လေ အဲ့တာမင်းကြောင့်ပေါ့ကွ
အရင်က ငါမရှရင်သေမယ်ဆိုတဲ့သူက မင်းရောက်လာမှ
ငါတောင်ကန်ထုတ်သွားတာ"

"ဟ အဲ့တာမင်းညံ့လို့မင်းခံရတာလေ ဘာတွေလိုက်ကိုက်နေတာလဲ လူချင်းတူပင်မဲ့ ဘုန်းကံချင်းမတူတော့ အဲ့လိုဖြစ်တတ်တယ်"

"မင်းဘာစကားပြောတာ သတ္တိရှိရင်ရှေ့တိုးခဲ့လေ အာမချောင်နဲ့"

"Kim Taehyungတို့က အာမချောင်တတ်ဘူး မင်းခံပြင်းတာမလား မင်းရှေ့တိုးခဲ့လေ ဒါမှမဟုတ် သတ္တိရှိရင် ကျောင်းခန်းထိလိုက်ခဲ့ သားလေး..."

Taehyungလဲထိုသို့ပြောပြီး ကားထဲက ကျောပိုးအိတ်ယူကာ ကျောင်းဝန်းထဲဝင်လာခဲ့တော့သည်
Driverကိုတော့ သူမျက်စပစ်ပြထားလို့ ကားကနောက်ပြန်ဆုတ်သွားသည်

"Taehyung...!!"

Taehyungကျောင်းထဲဝင်လာတုန်း အနောက်ကအော်သံကြားလို့ လှည့်ကြည့်တော့ ဟိုဘက်ကျောင်းကကောင် တုတ်နဲ့သူအနောက်ပြေးရိုက်ဖို့လာလို့ လှမ်းအော်တဲ့Jungkook အဲ့တာကိုမြင်သွားတဲ့ကောင်က
Jungkookဆီပြေးရိုက်ဖို့ပြင်လို့ သူလဲဘေးနားက
ကောင်မလေးလက်ထဲကကိုင်ထားတဲ့ ဂေါ်လီလုံးနဲ့ လှမ်းထုလိုက်တယ်

"ယောင်္ကျားမလား သတ္တိရှိရင် ဇရှိရင် အရှေ့ကနေလာကွ
မိန်းမလိုမိန်းမရနဲ့ အနောက်ကနေချောင်းရိုက်တာ ဒါလား
ဟိုဘက်ကျောင်းကလူမိုက်တွေလား ဟမ်!"

Don't Touch Mine!Where stories live. Discover now