8

653 57 31
                                    

ဒီနေ့Jungkook ဆေးရုံကဆင်းတဲ့နေ့ဖြစ်လို့ သူပျော်နေတယ် မဟုတ်ရင် ဒီဆေးအနံ့တွေနဲ့ စိတ်ရှုပ်ရတယ် ပြီးတော့Ommaလဲအိမ်မှာတစ်ယောက်ထဲ
လုပ်ရကိုင်ရ ပင်ပန်းတယ်လေ နောက်တစ်ခုက
ဆေးရုံဖြစ်တာမို့ Taehyungက တအားကို မထိခိုင်း
မဖက်ခိုင်းနဲ့ တော်တော်စိတ်ရှည်ထားရတယ်

သူအတွေးထဲမြောနေတုန်း အခန်းထဲဝင်လာတဲ့
Hoseokနဲ့Min Hoe

"တခြားသူတွေရော"

"ကောင်တာမှာပိုက်ဆံရှင်းနေတယ် လိုက်လာမှာ
မင်းခေါင်းအခြေနေ"

"သက်သာပါတယ်"

သူနဲ့Hoseokစကားပြောနေတုန်း ဝင်လာတဲ့ Yoongiနဲ့ Jimin Jungkookမျှော်နေတဲ့ တစ်ယောက်လေ အနောက်ကိုဆက်မျှော်ကြည့်နေမိတယ်

"ကြည့်မနေနဲ့ Taehyungက ညနေမှမင်းအိမ်
လာခဲ့မယ်တဲ့ အခုက သူလုပ်စရာရှိလို့တဲ့"

"သူအလုပ်ကငါ့ထပ်အရေးကြီးတာလား"

"မင်းကလဲမ​ဖြစ်မနေမို့ပါကွာ"

"ငါကဘယ်လိုဖြစ်ဖြစ်လား"

"ဟာ သူနဲ့တွေ့မှရစ်တော့ ငါတောင်ကိုကို့ကို အဲ့လို
မရစ်ဖူးဘူး မင်းက ငါလာရစ်နေတာ"

"Jiminမင်းကငါ့ကိုအပြစ်တင်နေတာလား
ဆေးရုံဆင်းဆင်းချင်း ချစ်သူမျက်နှာမြင်ချင်တာ
အပြစ်လား ဟမ်"

"မဟုတ်ပါဘူးကွာ ငါမှားတာငါမှားတာ ပြန်ရအောင်
မင်းအမေမျှော်နေလောက်ပြီ"

"အင်းအင်း"

Yoongiကြိတ်ရယ်မိတယ် သူကိုအမြဲရစ်တတ်တဲ့
JiJiက အခု Jungkookနဲ့မှ ခံလိုက်ရသည် ကျေနပ်တယ် သူကိုအမြဲခေါင်းစားအောင်ရစ်တာ ဘယ်က
ထွက်ထွက်လာတဲ့ မေးခွန်းတွေကို သူကဖြေပေးနေရတာ ဟိုက​ရစ်တော့ သူမပြောနိုင်တော့ဘူးလေ

Jungkookအိမ်ရောက်တော့ အခန်းထဲမှာ ဝင်နားလိုက်တယ် သူငယ်ချင်းတွေနဲ့စကားပြောချင်စိတ်
မရှိပါ သူဆေးရုံဆင်းဆင်းချင်းမြင်ချင်တဲ့မျက်နှာက အဲ့မျက်နှာတွေမှမဟုတ်တာ

ဆေးရုံဆင်းဆင်းချင်းအကုန်သက်သာပျောက်ကင်း
ချင်ပါတယ်ဆို ရောဂါတိုးပွားအောင် လာလုပ်နေကြတာ

Don't Touch Mine!Where stories live. Discover now