9

436 54 17
                                    

""Tae အစောကြီးဘာလာလုပ်တာ"

"ငါကမင်းရည်းစားလေ အစောကြီးလာလို့
မရဘူးလား အဲ့ဆိုပြန်မယ်"

"စိတ်ကြီးပါပဲလားအချစ်ရယ် ကိုယ်ကအစောကြီး
မြင်လိုက်ရတော့ ထူးဆန်းလို့ပါ"

"ပြောစရာရှိလို့လာတာ ခဏနေ Daddyနဲ့သွားစရာရှိတယ်"

"ကျောင်းပိတ်ရက်လေး ကိုယ်နဲ့လာနှပ်တယ်ထင်တာ"

"နောက်ရက်ကျအေးဆေးနေပေးမယ်နော်"

"ဟုတ်ပါပြီ ခုနကပြောစရာရှိတယ်ဆိုတာ"

"ငါတို့Japanသွားကြရအောင်"

"ဘယ်လို ကျောင်းဖွင့်တဲ့နေ့ကျစာမေးပွဲ"

"Jeon Jungkook မင်းမလိုက်ချင်နေခဲ့နော်
ငါကတော့သွားမှာ"

"ကိုယ်ပြောပြမယ် စာမေးပွဲဖြေပြီးမှသွားကြမယ်လေ လိမ္မာပါတယ်Taeက နော်"

"Jeon Jungkook! မလိုက်ဘူးပေါ့ ဖက်ထားတဲ့
မင်းလက်ဖယ်လိုက်တော့ ရတယ်နေခဲ့ အဲ့စာမေးပွဲ
ဖြေနေလိုက်တော့!"

Taehyungလဲ သူ့ခါးကိုဖက်ထားတဲ့ Jungkookရဲ့
လက်ကိုဖြုတ်ချကာ ကားကိုအမြန်မောင်းပြီး
Jungkookရှေ့ကနေထွက်လာခဲ့လိုက်တော့တယ်

Japanကိုသွားချင်လို့များထင်နေလားမသိဘူး
သူ့ကိစ္စတွက်သွားရမှာ တစ်ပတ်နောက်ကျရင်
သူတို့ကနောက်တစ်နေရာပြောင်းတော့မှာ လိုက်ဖမ်းရတာ လွယ်တယ်များထင်နေလားမသိဘူး

"မလိုက်နေပေါ့ တစ်ယောက်ထဲသွားမယ်"

ထယ်ယောင်းတစ်ယောက်ထဲသွားမယ်သာပြောတာ
Jungkookမပါရင် ဟာတာတာကြီး လွမ်းနေရတော့မယ် အဲ့အရူးကလဲ စာမေးပွဲကအရေးကြီးနေတာ
အမြင်ကပ်ဖို့ကောင်းတယ် ဘယ်လိုလူ့ဂွစာကို
ချစ်မိမှန်းကိုမသိဘူး

.
.
.
.
.
.
.
.

Jungkookထွက်သွားတဲ့ Taeကိုကြည့်ပြီး သက်ပြင်း
ချမိတယ် သူ့စိတ်ကလေးကြီးပဲ အခုလဲကောက်တော်မူသွားပြန်ပြီ သူကအဟုတ်လဲ တစ်ယောက်ထဲ
သွားမဲ့ရုပ် အဲ့လိုတော့အသွားခံလို့မဖြစ်ဘူး
အဲ့ဟာလေးက သူမပါရင်အသားကုန်ကဲမှာ မဖြစ်ဘူး

"Ommaရေ ကျတော်ညနေကျ ခရီးတစ်ခုသွားစရာရှိတယ် အဲ့တာ ဆိုင်ကိုညနက်ထိမဖွင့်နဲ့နော်"

Don't Touch Mine!Where stories live. Discover now