"သား Jungkookရေ အားရင် အရှေ့ကိုလာကူညီပါအုန်း"
"လာပြီ..."
ဒီနေ့ကျောင်းပိတ်ရက်မို့ ကျောင်းဝတ်စုံတွေလျှော်ပြီး
လှန်နေတုန်း အရှေ့မှာတစ်ယောက်ထဲ မနိုင်တော့တဲ့
အမေက လှမ်းခေါ်တာနဲ့ အဝတ်တွေအမြန်လှန်ပြီး
အရှေ့ကိုထွက်သွားလိုက်တော့ တော်တော်ဧည့်ကျနေတာပဲ ညီမလေးက ကျူရှင်သွားတာဆိုတော့ သားမိနှစ်ယောက်ထဲ လုပ်ရမှာပေါ့"အမေ ကျတော်ရောက်ပြီ"
"အေ့အေ ဟိုထောင့်ဘက်ကဝိုင်းလေးကို မေးပေးပါအုန်း
အမေတစ်ယောက်ထဲမနိုင်တော့လို့""ဟုတ်ဟုတ်"
အမေပြောတဲ့ဝိုင်းကိုသွားတာ သူသဘောကျနေတဲ့ စီနီယာအမတို့ရဲ့အဖွဲ့ဖြစ်နေတယ် သူလဲဟိုတနေ့က ကိစ္စကိုအားနာတာနဲ့ မေးသင့်မမေးသင့်နဲ့ အချိန်ကြာနေတော့တယ် ပြီးမှ အမေဆူမှာကြောက်တာနဲ့
အားတင်းပြီးသွားမေးလိုက်တယ်"ဘာစားကြမလဲဗျ"
"ဟို...ဟယ် Suri နင်ကိုပန်းပေးတဲ့ကောင်လေးမလား"
"နင်ကလဲသူများကို"
"ဒီမှာမင်းက ငါ့သူငယ်ချင်းကို သဘောကျနေတာမလား
အဲ့တော့ငါ့တို့ကိုမုန့်အလကားကျွေးရမယ်""အာ...ရပါတယ်ဗျ စီနီယာတို့ကြိုက်သလောက်စားပါ"
"သူများစီပွားရေးလုပ်နေတာကို နင်တို့တွေအဲ့လိုမလုပ်ကြနဲ့"
Jungkook စီနီယာကိုကြည့်ပြီး ပြုံးမိတယ် သူသဘောကျတာမမှားဘူးလေ ရိုးရိုးယဉ်ယဉ်လေးနဲ့
လှတယ် အနေလဲတည်တယ် တစ်ဖက်သားကိုလဲ အားနာတတ်တယ် ဒီလောက်ဖြူစင်တဲ့ ကြောင်ဖြူမလေးကို သူသဘောကျတာ မမှားဘူးမလား"ရပါတယ် စီနီယာ စားပါဗျ ကျတော်ကျွေးပါမယ်"
"ကျေးဇူးပါနော် Jungkook"
အားးး စီနီယာက မျက်ဝန်းလေးကိုအပေါ်လှန်ပြီး ကျေးဇူးတင်စကားပြောတယ် နောက်ဆုံးနာမည် ခေါ်တဲ့နေရာလေးမှာ သူကိုပြုံးပြသွားတယ် ရူးလောက်ပါတယ်ဗျာ
"ဟိုတနေ့ကမသိပဲ အနံ့ဆူးဆူးပေးမိလို့ တောင်းပန်ပါတယ် စီနီယာ"
YOU ARE READING
Don't Touch Mine!
Romanceထိရဲရင်ထိကြည့်လိုက်လေ Jeon Jungkookဆိုတာ Kim Taehyungဆိုတဲ့ ငါ့အပိုင်ပဲ!!! ထိရဲရငျထိကွညျ့လိုကျလေ Jeon Jungkookဆိုတာ Kim Taehyungဆိုတဲ့ ငါ့အပိုငျပဲ!!!