11

419 70 19
                                    

[Unicode]

" ကျစ် .. မင်းကို မပြိုင်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ဂင်ဂျုံအင် "

" အင်း .. အခေါက်ပေါင်း တစ်သိန်းလောက်ရှိနေပြီထင်တာပဲ "

" လာနောက်မနေနဲ့ ဂျုံအင် "

မျက်နှာထက်က ဒဏ်ရာတွေဆီမှ နာကျင်မှုထက် နားပူနေတာက ဂျုံအင်အတွက်ပိုပြီး စိတ်ရှုပ်စေသည်။ကားပြိုင်ကွင်းက မင်ချောအိမ်နှင့်နီးလို့ လာမိကာမှ ဒုက္ခရောက်ပြီ။

" နားငြီးတယ်ကွာ .. အိုဆယ်ဟွန်းကျနေတာပဲ လေပေါလိုက်တာ "

" စိတ်ပူလို့ပြောနေတာ ဂျုံအင် .. မင်း ကံကောင်းလို့ လွတ်လာတာ "

" ဖမ်းမိသွားလည်း ဘယ်သူ့ဂရုစိုက်နေရမှာလဲ .. အိုဆယ်ဟွန်းမဟုတ်ရင် ဒယ်ဒီလာထုတ်ပေးမှာပေါ့ ငွေပုံပေးလိုက် အားလုံး အိုကေ "

ဂျုံအင်က ပေါ့ပေါ့ပါးပါးဖြေလိုက်ပေမယ့် မင်ချောရဲ့သက်ပြင်းချသံငွေ့ငွေ့ကို ခံစားလိုက်ရသည်။ရှုံးမဲ မဲတယ်ပဲပြောရမလား။ဂျုံအင်၏ Farrari လေး ဟိုကောင်တွေလက်ထဲပါသွားတော့ ဂျုံအင်စိတ်မထိန်းနိုင်ဘဲ တစ်ဖက်ကကောင်ကို ဆွဲထိုးရာမှစသည်။အများနှင့်တစ်ယောက်ဖြစ်ပေမယ့် ခဏအတွင်းမှာရောက်လာတဲ့ ရဲကားတွေကြောင့် ဂျုံအင်နည်းနည်းပဲအထိနာခဲ့တာဖြစ်သည်။ဂျုံအင်က အပုန်းကောင်းလို့လွတ်လာခဲ့ပေမယ့် ဟိုကောင်တွေကတော့ သေပြီပေါ့။သူတို့အတွက်စိတ်မကောင်းဖြစ်သွားကာ ဂျုံအင် အနည်းငယ် လှောင်ရယ်လိုက်မိသည်။

" မင်းထွက်လာတာကို အိုဆယ်ဟွန်းမသိတာ တော်တော် အံ့သြဖို့ကောင်းတယ် "

" အေး .. ချက်ချင်း အိပ်သွားတာပါဆို "

" မင်း .. အိပ်ဆေးခတ်လိုက်တာတော့မဟုတ်ပါဘူးနော် "

" ငါ ဘာမှမလုပ်ဘူး "

မင်ချောက မယုံနိုင်သလိုကြည့်ပြီးမှ ဆေးသေတ္တာကို ကောက်သိမ်းရင်း သက်ပြင်းချပြန်သည်။

" သက်ပြင်းတွေ ဖြည်းဖြည်းချစမ်းပါ .. ငါတောင်လွင့်သွားတော့မယ် "

" မင်းမသိပါဘူးကွာ "

" ဘာလဲ ဘာကိစ္စတွေရှိနေလို့လဲ "

BE MINE // HiatusWhere stories live. Discover now