24

506 66 12
                                    

[Unicode]

" ဆယ်ဟွန်း ဘာဆေးတွေသောက်နေတာလဲ "

ဂျုံအင် ရေချိုးခန်းထဲမှ အမြန်ထွက်လာရင်း ဆေးသောက်နေတဲ့ ဆယ်ဟွန်းကို မြင်တော့ မနေနိုင်ဘဲ မေးမိသည်။ဆယ်ဟွန်းက ဖျားနာသည့်ပုံလည်းမပေါ်တာမို့ မေးမိခြင်းဖြစ်သည်။

ဂျုံအင် မေးသည်ကို မြင်တော့ ဆယ်ဟွန်းက ဆေးဘူးကို အံဆွဲထဲ ထည့်သိမ်းရင်း ခပ်တိုးတိုးဖြေသည်။

" ခေါင်းကိုက်နေလို့ "

"အဖျားလည်းမရှိပါဘူး "

ရေချိုးပြီးခါစမို့ ဂျုံအင်၏ အေးစက်စက်လက်ကလေးဟာ ဘာကိုမှမခံစားမိပေမယ့် ဆယ်ဟွန်း၏နဖူးကို ထိကပ်ကာမေးလိုက်သည်။တကယ်တော့ ဂျုံအင်ဟာ အဖျားပင် တိုင်းတတ်သည့် ကောင်လေးမဟုတ်ပေ။

" ကိုယ့်ကို စိတ်မပူဘဲ ဘေဘီသာ အင်္ကျီမြန်မြန်ဝတ် "

ဆယ်ဟွန်းက ဂျုံအင်၏ပုခုံးပေါ်မှာ တင်ထားသည့် တဘတ်အဖြူလေးကို ခေါင်းပေါ်နေရာပြောင်းကာ ဆံပင်တွေကို သုတ်ပေးရင်း ပြောသည်။မျက်နှာချင်းဆိုင် အ​ခြေအနေမို့ ဂျုံအင်တို့ အတော်လေးနီးနီးကပ်ကပ်ရှိနေကြသည်။

" မပူပါဘူး .. ဘယ်သူက ပူလို့လဲ "

ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။ကျယ်ကျယ်များပြောမိရင် ဆယ်ဟွန်းက ဂျုံအင်ငိုခဲ့တဲ့အကြောင်းကို ပြန်ပြောပြီးစမှာသေချာသည်။

" ခေါင်းကိုက်နေတာ နွေးနွေးထွေးထွေးမှ မနေတာ .. ဆယ်ဟွန်း အနွေးထည်ဝတ်ထားလေ "

Sweatpants အနက်ရောင်နှင့် တီးရှပ်လက်တိုလေးသာ ဝတ်ထားသည့် ဆယ်ဟွန်းကို ​ပြောတော့ ဆယ်ဟွန်းက ခပ်ပြုံးပြုံးဖြင့် ဆံပင်တွေကို ရေသုတ်ပေးနေဆဲမို့ လက်တွေကို ဖယ်ချရင်း ဆက်အသုတ်မခံတော့။

ဂျုံအင် အဝတ်လဲခန်းဘက် လျှောက်လာပြီး ဆယ်ဟွန်းဘီရိုထဲမှ အနွေးထည်တစ်ထည်ကို အရင်ထုတ်ပြီး လှမ်းပစ်ပေးလိုက်သည်။

" ကိုယ့်ဘာသာ ယူဝတ်ပါ့မယ် ဘေဘီရယ် "

" အသက်၃၀ကျော်နေပြီ ဂရုစိုက်စရာရှိတာ ဂရုစိုက်ဦး .. ကျွန်တော်မရှိရင် ဘယ်လိုများနေမလဲ "

BE MINE // HiatusWhere stories live. Discover now