[Unicode]" ဂျုံအင် "
" .. "
" ဂျုံအင် "
နှစ်ကြိမ်ခေါ်ပါသော်လည်း ဆေးလိပ်ကို နှုတ်ခမ်းကြားညှပ်လို့ ငေးနေတဲ့ဂျုံအင်က ဆယ်ဟွန်းကို လှည့်မကြည့်။ခဏကြာတော့ ဆေးလိပ်ကို လက်မှာပြောင်းညှပ်ပြီး ဆယ်ဟွန်းဘက်ကို လှည့်မကြည့်ဘဲ နှုတ်ခမ်းလှုပ်ရုံပြောသည်။
" ခေါ် .. "
" ဘာကိုလဲ "
" အရင်လို ပြန်ခေါ် "
" ဘေဘီလို့လား .. ကိုယ် ပြန်ခေါ်လို့ရပြီလား "
ဆယ်ဟွန်း၏မေးခွန်းကို ခေါင်းညိတ်သည့် ဂျုံအင်ကြောင့် ဆယ်ဟွန်း ချက်ချင်းအနားသွားကာ အနောက်မှ သိုင်းဖက်လိုက်သည်။ခွဲခွာရမယ့်အချိန်တွေနီးလာလို့ပဲလား။ဂျုံအင်က ဆယ်ဟွန်းကို အရင်ကထက် ပိုပြီး ညှာညှာတာတာဆက်ဆံသည်။
" ဘယ်လောက်မှမလိုတော့ဘူးမလား ကျွန်တော်တို့ ကွာရှင်းဖို့ .. "
" ဒီလိုလေး နှစ်ယောက်တည်းရှိနေတဲ့ အချိန်တော့ အဲ့တာတွေ မေ့ထားရအောင် ဘေဘီရယ် "
" ကျွန်တော်ကတော့ မေ့ထားလို့မရဘူး .. ခေါင်းထဲမှာ အဲ့အကြောင်းကိုပဲ စိတ်ရှုပ်စရာကောင်းအောင် တစ်ချိန်လုံး တွေးမိနေတယ် "
ဂျုံအင်၏လက်ချောင်းကြားထဲမှာ ရှိနေတဲ့ ဆေးလိပ်တိုက ပြာခွက်ထဲကို ထိုးစိုက်ခြင်းခံလိုက်ရသည်။ဆယ်ဟွန်းထက် ပိုပြီးသွေးအေးလွန်းတဲ့ဂျုံအင်ကို အနောက်မှ တင်းတင်းကြပ်ကြပ်ဖက်ကာ ဂျုံအင်၏ပုခုံးပေါ်ကို ခေါင်းမှောက်ချထားမိသည်။
နှစ်ယောက်အတူရှိလေ့ရှိတဲ့ ညနေခင်းတိုင်းမှာ ဂျုံအင်ကို အနောက်ကနေသိုင်းဖက်ပြီး ဂျုံအင်၏ပုခုံးတွေပေါ်မှာ တိတ်တိတ်ကလေးမျက်ရည်ကျရတာက ဆယ်ဟွန်းအတွက် အကျင့်တစ်ခုမွေးမြူထားသလိုပါပဲ။
" ဆယ်ဟွန်း "
" အွန်း "
မျက်ရည်တွေကြား မပီမသထူးလိုက်တော့ ဂျုံအင်က ဆယ်ဟွန်း၏ လက်တွေကို ဖြုတ်ချသည်။
" မငိုနဲ့ "
ဆယ်ဟွန်းကို မျက်နှာချင်းဆိုင်လာတဲ့ မျက်နှာလေးကို စူးနစ်စွာ ကြည့်မိသည်။ဂျုံအင်၏အေးစက်စက်လက်လေးတွေက ဆယ်ဟွန်း၏မျက်ရည်တွေကို ပွတ်သုတ်ပေးရင်း မျက်နှာပေါ်မှာ ပြေးလွှားနေသည်။
YOU ARE READING
BE MINE // Hiatus
Fanfiction" အချစ်ကလေး ဖြစ်ချင်တာပြောလိုက် .. မဖြစ်နိုင်ဘူးဆိုတာ ကိုယ်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက်မရှိစေရဘူး " " အခ်စ္ကေလး ဖြစ်ချင်တာပြောလိုက် .. မဖြစ်နိုင်ဘူးဆိုတာ ကိုယ်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက်မရှိစေရဘူး " SEHUN × JONGIN