13

413 63 23
                                    

[Unicode]

" ဂျုံအင် မင်းဆီ လာသေးလား "

" ဟင့်အင်း .. မလာပါဘူး ဘာဖြစ်လို့ .. .. "

ထယ်ဆူးဆုံးအောင်တောင် မပြောလိုက်ရဘဲ ဖုန်းကကျသွားသည်။မင်ချောကတော့ ဘယ်အချိန်ထိများစိတ်ဆိုးနေမှာပါလိမ့်။

" ငါ လိမ်ပေးတယ်နော် မင်းကို ဖိနပ်အကြောင်းလဲပြောပြတယ် .. ငါနဲ့ အတူသောက်ပေး "

ထယ်ဆူးက ခုမှ လှမ်းပြောလိုက်တာပေမယ့် ဂျုံအင်ကတော့ ဘီယာဘူးကို ယူတောင်မော့နေပြီဖြစ်သည်။

" မြန်လိုက်တာ ကမ်းပေ့တောင်မလုပ်လိုက်ရဘူး "

" ငါ စိတ်ကြည်လို့ ထိုင်နေတာမဟုတ်ဘူးနော် "

" ဒီလောက် အေးချမ်းနေတာ ဘာလို့စိတ်မကြည်ရတာလဲ "

ထယ်ဆူး ပင်လယ်ပြင်ကို မျက်နှာမူရင်း မေးလိုက်မိသည်။ညဘက်မို့ စိမ့်အေးနေပေမယ့် ကိုယ်တွင်းကို နွေးထွေးစေတဲ့ ဘီယာလေးအပြင် စားစရာအမြည်းအစုံနဲ့မို့ ထယ်ဆူးကတော့ စိတ်ညစ်စရာတွေအကုန်ပြေသွားပြီဖြစ်သည်။

" မင်း ဦးငယ်နဲ့ အဆင်ပြေနေပြီပဲဟာ ငါ့ကိုဘာလို့ စိတ်ဆိုးနေသေးတာလဲ .. မတရားဘူးနော် "

" ဘယ်မှာ အဆင်ပြေနေလို့လဲ .. မင်းရဲ့ဘိုးတော်က အ​မြဲအနှောင့်အယှက်ပဲ "

" ဟုတ်လို့လား .. သတင်းတွေကြားထားတယ်နော် "

ထယ်ဆူးပြောတော့ ဂျုံအင်က ဘာလဲဟူသော သဘောဖြင့် မျက်ခုံးပင့်လေသည်။

" ဦးငယ်က မင်းကိုအရမ်းတွေ ချစ်လိုက်လို့ မင်းစိတ်ကောက်ပြီး ကားတွေရော ဖျက်ဆီး .. "

" အဟွတ် .. အဟွတ် "

" ဖြည်းဖြည်းသောက် .. ဖြည်းဖြည်းသောက် မသောက်ဖူးတာလည်းမဟုတ်ဘဲနဲ့ "

ထယ်ဆူး ဘီယာသီးသွားတဲ့ဂျုံအင်၏ ကျောကို ပုတ်ပေးရင်း ခိုးရယ်လိုက်မိသည်။အနေကြာလာတော့လည်း သံယောဇဥ်တွယ်လာတာပါပဲ။အပြည့်အဝကြီးသဘောကျမနေရင်တောင် ဂျုံအင်၏ရင်ဘတ်ထဲမှာ ဦးငယ်အတွက် နေရာသေးသေးပုစိလေးတော့ ရှိနေမည်ဆိုတာ ထယ်ဆူးသိသည်။

" မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ "

ထပ်စရင် စိတ်ဆိုးပြေဖို့လမ်းမရှိတော့မှာ ဆိုးတာကြောင့် ထယ်ဆူးစနောက်နေသည်ကို ရပ်လိုက်တော့သည်။ဂျုံအင်ကတော့ မျက်နှာကြီးနီပြီး ထယ်ဆူးကို ဆဲနေတော့သည်။

BE MINE // HiatusWhere stories live. Discover now