22

430 65 15
                                    

[Unicode]

" ဘေဘီ့ကို ခေါင်းစွပ် သေချာစွပ်ပေးပြီးပြီလား .. လက်အိတ် .. "

" ကျွန်တော် အကာအကွယ်အကုန်တပ်ပြီးကြောင်း အကြိမ်ကြိမ် စစ်ဆေးပြီးပါပြီ ဆရာ "

ဆယ်ဟွန်း အကာအကွယ်ပစ္စည်းတွေဝတ်နေရင်း ထိုအကြောင်းကိုပဲ ထပ်ခါထပ်ခါ မေးနေမိသည်မို့ အတွင်းရေးမှူးက တူညီသည့်အဖြေကိုပဲ ထပ်ဖြေလာသည်။

" ကားလည်း စစ်ဆေးပြီးပါပြီ "

" အင်း .. တစ်ခုခုဆို ဘေဘီ အန္တရာယ်ကင်းဖို့က ပထမ ဦးစားပေးပဲ "

" ဟုတ်ကဲ့ "

အကြိမ်ပေါင်းများစွာပြောခဲ့ဖူးသည့် စကားကို အတွင်းရေးမှူးက ရိုသေစွာ ခေါင်းညိတ်သည်။ကိုယ့်ကွင်းမှာ ကိုယ့်ကားနှင့်ကိုယ် ပြိုင်မည့် အပျော်တမ်းကားပြိုင်ပွဲမို့ အန္တရာယ်မများပေမယ့်လည်း ဂျုံအင်ကိုဆယ်ဟွန်း စိတ်ပူသည်။ထယ်ဆူးနှင့် မင်ချောပါအတူပါပြီး ၄ယောက်လုံး အန္တရာယ်ကင်းဖို့သာ မျှော်လင့်သည်။

ခေါင်းစွပ်မဝတ်ခင်အထိ ထယ်ဆူးတို့နှင့် စကားပြောကာ ရယ်မောနေသည့် မျက်နှာလေးကို ဆယ်ဟွန်း ပြန်မြင်မိတာမို့ ခပ်ပါးပါးပြုံးမိသေးသည်။ဘေဘီကလေ အမြဲတမ်း ဆယ်ဟွန်းမရှိတဲ့ ရပ်ဝန်းမှာ ပျော်ရွှင်နေတတ်သည်။

အလံတလွင့်လွင့်ကို ဝေ့ရမ်းလိုက်ချိန်မှာ ကားအစီအရီထွက်ကြသည်။ဆယ်ဟွန်း သဘောအတိုင်းဆို ဘေဘီ့ကိုပဲ စိတ်ကြိုက်အနိုင်ပေးလိုက်မှာပေမယ့် ထယ်ဆူးရော ပါတာမို့ ဘေဘီအနိုင်မရမှာ နည်းနည်းစိတ်ပူမိသည်။ထယ်ဆူးကလည်း အနိုင်လိုချင်တတ်သည့် ကလေးဖြစ်သည်လေ။

ဆယ်ဟွန်းကတော့ အရှိန်နှင့်မောင်းနှင်နေပေမယ့် နဂိုကတည်းက အနိုင်မလိုချင်တာ​ကြောင့်ရော ကလေးတွေရဲ့ အစွမ်းကလည်း မနည်းတာကြောင့်ရော ဘယ်လိုမှ နောက်ဆုံးထက်ပိုပြီး အဆင့်မတက်။

* ဆယ်ဟွန်း မင်းကြောက်နေတယ်မလား .. ဟားဟား မင်းလုပ်ခဲ့တာတွေကွ မင်းမေ့ပစ်နေလည်း မင်းလုပ်ခဲ့တာ *

နားထဲ မြည်ဟီးလာတာကြောင့် ဆယ်ဟွန်းခေါင်းကို ခါရမ်းလိုက်သည်။သို့ပေမယ့် ထိုအသံတွေပဲ ထပ်ခါ ထပ်ခါ ကြားနေရသည်။

BE MINE // HiatusWhere stories live. Discover now