[Unicode]
တန်ဖိုးမြင့် ဟိုတယ်ခန်းအတွင်း ရေကျသံခပ်တိုးတိုးကိုသာ ကျယ်လောင်စွာကြားနေရသည်။
ဆယ်ဟွန်းကတော့ အပေါ်ပိုင်းအဝတ်မပါတဲ့ ပုံစံဖြင့်ကုတင်ပေါ်ငြိမ်သက်စွာ ထိုင်နေရင်းမှ ဆံပင်တွေကို လက်ဖြင့် ထိုးဖွလိုက်သည်။ဆယ်ဟွန်း စိတ်သွားရာအတိုင်းလုပ်နေပါသော်လည်း စိတ်တိုင်းမကျသလို တစ်နေ့တစ်နေ့ ဖြတ်သန်းနေရသည်ကို စိတ်ရှုပ်လာသည်။
" Darling .. ဘာတွေရှုပ်နေတာလဲကွာ မျက်နှာလေးမှာပေါ်နေပြီနော် "
ရေချိုးခန်းထဲမှ ထွက်လာတဲ့ မိန်းမလှလေးက ဆယ်ဟွန်းမျက်နှာကို မေးဖျားမှ ပင့်တင်ကာ ဆိုသည်။ခပ်စိုစိုဖြစ်နေတဲ့ဆံပင်တွေက ခဏကြာရင် စိတ်ထဲတောင်ရှိစေတော့မှာမဟုတ်။ဖြူလွလွ bathrobe ကို ဆယ်ဟွန်း ကြိုးဖြည်ချလိုက်တော့ ရယ်သံသဲ့သဲ့ကို ကြားရသည်။
" အလျင်လိုနေပြီလား "
ဆယ်ဟွန်းဘက်မှ စကားသံတစ်ခွန်းမှ ထွက်မလာသည့်တိုင် မိန်းမလှလေးက ရယ်ပြောသည်။ဆယ်ဟွန်း အနီးမှာ ရှိနေတဲ့ ခါးသိမ်သိမ်ကိုဆွဲဖက်ပြီး bathrobe ကို ဖယ်ချပစ်လိုက်သည်။
မရေတွက်နိုင်တဲ့ အလှအပတွေကို တွေ့ခဲ့ဖူးသည့်တိုင်၊တွေ့နေရသည့်တိုင် ဘာခံစားချက်မှတိုးမလာသလို၊သာမန်လုပ်နေကျအလုပ်တစ်ခုကို လုပ်နေရသလိုမျိုး ဆယ်ဟွန်းမျက်နှာက တည်ငြိမ်နေသည်။ဆယ်ဟွန်းကို နမ်းဖို့ကြိုးစားလာသူကို ရှောင်ရင်း bathrobe ကိုဆွဲချွတ်ပြီး ကုတင်ပေါ် တွန်းလှဲလိုက်သည့်နောက် .. ။
" ကျွန်တော့်အိမ်ကို လိုက်ခဲ့ချင်လား .. Honey "
နှုတ်ခမ်းတစ်ဖက်ကော့တက်သွားသည်အထိ ပြုံးသည့်အပြုံးဟာ လွန်ခဲ့တဲ့မိနစ်ပိုင်းအထိ ရှိမနေခဲ့သလို .. ပြောင်းလဲသွားသည့် မျက်နှာအမူအရာ၊ခံစားချက်တို့ဟာ ဆယ်ဟွန်းပါလို့ တစ်ထစ်ချပြောနိုင်သည်အထိ မရေရာတော့ပေ။
•~•
" ဆယ်ဟွန်း တော်ပါတော့ "
အခန်းကျယ်အတွင်းမှာ မိန်းကလေးတစ်ယောက်၏ နာကျင်စွာ ညည်းညူသံတို့ဖြင့် ပြည့်နေသည်။လက်ထဲ ခါးပတ်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပါသည့် လူသည် စိမ်းသက်သော မျက်ဝန်းတို့ဖြင့် ကြမ်းပြင်တွင် ပြိုလဲနေသည့် မိန်းကလေးကို အေးစက်စွာကြည့်သည်။
YOU ARE READING
BE MINE // Hiatus
Fanfiction" အချစ်ကလေး ဖြစ်ချင်တာပြောလိုက် .. မဖြစ်နိုင်ဘူးဆိုတာ ကိုယ်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက်မရှိစေရဘူး " " အခ်စ္ကေလး ဖြစ်ချင်တာပြောလိုက် .. မဖြစ်နိုင်ဘူးဆိုတာ ကိုယ်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက်မရှိစေရဘူး " SEHUN × JONGIN