[UNICODE]
"ခမည်းတော်ချစ်လာဖို့ သမီးတော် ဘာတွေများလုပ်ရမှာပါလဲ"
မျက်ရည်တွေပြည့်နေတဲ့မျက်နှာနဲ့ Athanasia အရှေ့ကသူကိုမော့ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့ခမည်းတော် Claude ကတော့ ခြေရင်းမှာငိုကြွေးနေတဲ့သူ့ကို ခံစားချက်မရှိတဲ့ အေးစက်စက်အကြည့်တွေနဲ့ပဲ ကြည့်နေခဲ့တယ်။
"သမီးတော် Janette လိုဖြစ်လာမယ်ဆိုရင်ရော? အဲ့ဒီအခါကျ သမီးတော်ကိုချစ်လာမှာလား။ အဲ့ဒီလိုဆိုရင်ရော Janette ကိုခေါ်သလိုမျိုး သမီးတော်နာမည်ကို နွေးနွေးထွေးထွေးခေါ်ပေးမှာပါလား။ ဒီ.. ဒီထက်ပိုပြီး သမီးတော်ကြိုးစားရင်..."
သူ့ရဲ့ လှပလွန်းတဲ့အဖေတူအမေကွဲ ညီမတော်။ Athanasia မပိုင်ဆိုင်ဖူးတဲ့ အရှိန်အဝါနဲ့ ရိုသေလေးစားခံရမှုတွေ ရထားတာတောင် မလုံလောက်သေးတဲ့အတိုင်း သူ့ခမည်းတော်ကိုပါ ခိုးယူသွားပြန်တယ်။
ခမည်းတော်ရှေ့မှာ အဲ့ဒီနာမည်ကိုထုတ်ပြောရဲတဲ့အထိ အခုချိန်မှာသူ့စိတ်အခြေအနေက ရှုပ်ထွေးနေတယ်။
"အဝေးကိုပဲ နှင်ထုတ်မနေဘဲ သမီးတော်ကိုရော ခမည်းတော်လက်တွေနဲ့ ထွေးပွေ့ပေးလို့မရဘူးလား"
"ငါသေရင်တောင်ဖြစ်လာမယ့်ကိစ္စမဟုတ်ဘူး"
"ဘယ်... ဘယ်လိုကြောင့််များ"
ဒါပေမဲ့ Claude ဟာ အဲ့ဒီမေးခွန်းကိုအဖြေပေးဖို့ တုံ့ဆိုင်းမနေပါ။ အမြဲလို အေးဆေးတည်ငြိမ်လွန်းတဲ့သမီးဖြစ်သူဟာ ရှေ့မှောက်မှာ အပြိုပြိုအလဲလဲနဲ့ သနားစဖွယ်ငိုကြွေးနေတာတောင် နည်းနည်းလေးမှတုန်လှုပ်ခြင်း မရှိခဲ့ဘူးလေ။
"သမီးတော်ကလည်း ခမည်းတော်ရဲ့သမီးပါပဲ။ Janette ထက်အရင် ခမည်းတော်နဲ့အတူ ရှိခဲ့တဲ့သူပါ"
Athanasia ရှိသမျှ သတ္တိအားလုံးကိုစုစည်းပြီး ဘာတစ်ခုမှမတောင်းဆိုခဲ့ဖူးတဲ့ သူ့ရဲ့ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးသော ဆန္ဒကို တောင်းဆိုလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့အရှင် ခမည်းတော်ကတော့ အဆုံးထိ ခံစားချက်မဲ့ အေးစက်နေခဲ့တယ်။
"ရူးနှမ်းလိုက်တာ"
Claude ရဲ့ခြေထောက်အစုံကို အားနည်းစွာဆုပ်ကိုင်ထားတဲ့ နုနုနယ်နယ်လက်တစ်စုံဟာ ကြမ်းပြင်ကိုပြေလျော့ကျသွားတယ်။ Athanasia ရဲ့ စိတ်နဲ့ အတွေးတွေကို ယောက်ယက်ခက်သွားစေနိုင်တဲ့ စကားလုံးပြင်းပြင်းတွေ။ သူ့ရဲ့ နားတွေကနေ ချက်ချင်း သွေးတွေထွက်လာစေတော့မယ့်အထိ ထိုစကားလုံးတွေဟာ ရက်စက်လွန်းခဲ့တယ်။
YOU ARE READING
Who Made Me A Princess 《MM Translation》
FantasyTitle: Who Made Me A Princess/ Suddenly I Became A Princess One Day Author: Plutus (플루토스) Type: Web Novel (KR) Genre: comedy, drama, fantasy, shoujo, romance