[UNICODE]
သူ သောက ဝေစပြုလာတယ်။ အချိုးပြေပြေမဖြေရင် ဒီမှာတင် အသတ်ခံရတော့မှာပဲ။ တစ်ဖက်လူရဲ့ လက်ညှိုးနဲ့ စည်းချက်တဖွဖွ ခေါက်နေတဲ့ အသံဟာ Athanasia ကို ကုန်လွန်နေတဲ့ အချိန်တွေအကြောင်း အရိပ်ပြနေသလိုပါပဲ။ သူစကားစပြောလိုက်တဲ့အခါမှာတော့ အဲ့ဒီသူရဲ့လက်တွေ ရပ်သွားတယ်။
"ခ- ခမည်းတော်?"
သောက်ကျိုးနည်း... တကယ်ကြီး ထုတ်ခေါ်လိုက်မိတာပဲ။ Lily နဲ့ နန်းစေအစ်မတွေကို ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါတယ်။ ဆိုက်ကိုကောင်ကို ခမည်းတော်တဲ့လား။ လုံးဝ မခေါ်လိုက်သင့်တာကို... ဘယ်လို အတွေးနဲ့များ...
အဲ့ဒီအစား ဒီတိုင်း ငါ့ကို သတ်လိုက်ဖို့ပဲ ပြောလိုက်ရမှာ! Obelian အင်ပါယာရဲ့ ခမ်းနားကြီးမြတ်လှတဲ့ အရှင် တို့ ဘာတို့ အမွှန်းတင်ပြောပြီး ဖားလိုက်ရမှာကိုကွာ!
"... ."
ဒါပေမဲ့ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ပဲ Claude က သူ့ကို ထမသတ်ခဲ့ဘူး။ Athanasia ကိုဆက်ပြောစေချင်တဲ့ အမူအယာမျိုးနဲ့ မျက်နှာကို လက်ထောက်ထားရင်း ဟန်ပါပါကြည့်နေတယ်။ ဟ-ဟမ်? သူ စမ်းသပ်ချက်မှာ မကျရှုံးသေးဘူးပေါ့?
ဒါပေမဲ့ နေဦး....
Claude က Jannette ရဲ့စတိုင်ကို သဘောကျခဲ့တာမဟုတ်လား? အမြဲ အလင်းရောင်တွေ လွှမ်းဖြာထားသလို ရွှင်မြူးတက်ကြွတဲ့ပုံစံနဲ့ Jannette လေ။နောက်ပြီး Athanasia လို အဝေးက ငေးကြည့်ရတာမဟုတ်ဘဲ Jannette က Claude နဲ့ အနီးကပ်နေခဲ့ရတာ။
ဒီလိုသာဆို... Jannette နဲ့ မတူနိုင်ဘူးဆိုပေမဲ့ ဒီလူဆီက attention ရရုံလောက်.. အဲ့ဒီလူ သဘောကျအောင် လုပ်ရုံပဲဆိုရင်...။
ပြောလက်စနဲ့ ရူးကြောင်ကြောင်စကားလုံးတွေ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
"... ပါပါး?"
ကြက်သီးတွေထလာစေတဲ့အထိ သုသာန်တစပြင်လို လေထုဟာ သူ့နားမှာ ရစ်ပတ်လာတယ်။ Claude ဟာ သူ့ခေါင်းကို အနည်းငယ်စောင်းငဲ့လာတဲ့အချိန်မှာ အသက်အောင့်ထားလိုက်မိတယ်။ သူ့နှလုံးဟာ မာရသွန်ပြေးလာရသလို ခုန်နေတယ်။
ဘာလို့... ဘာလို့ ဘာမှပြန်မပြောတာလဲ။
ဘာပဲဖြစ်ဖြစ် စမိမှတော့ ပြီးအောင် လုပ်လိုက်ရအောင်။ သူ အရွှင်ပြဆုံး ဖြစ်အောင် ပြုံးလိုက်ပြီး အော်ပြောလိုက်တယ်။
YOU ARE READING
Who Made Me A Princess 《MM Translation》
FantasyTitle: Who Made Me A Princess/ Suddenly I Became A Princess One Day Author: Plutus (플루토스) Type: Web Novel (KR) Genre: comedy, drama, fantasy, shoujo, romance