Chapter 22

5 1 0
                                    

[UNICODE]

"မဖြစ်ပါဘူး မင်းသမီးလေး"

"တစ်ခုတည်းပါ"

"ကျနော်ပြဿနာတက်လိမ့်မယ်"

"ဟွန့်"

ပြတ်ပြတ်သားသားငြင်းချလိုက်တဲ့ Felix ကြောင့်သူမျက်မှောင်ကြုတ်လိုက်တယ်။ နည်းနည်းပါးပါးတော့ စဉ်းစားဟန်လေးပြမှပေါ့! စိတ်ပုပ်တဲ့အစ်ကို သူရဲ့အသည်းအသန်ဖြစ်နေတဲ့အကြည့်တွေကိုတောင် လျစ်လျူရှုပစ်တယ်။ ဟွန်း မထင်ထားခဲ့ပေမဲ့ တကယ်တမ်းတော်တော်သွေးအေးနိုင်တဲ့အစ်ကိုပဲ။

"တောင်းပန်ပါတယ် မင်းသမီးလေး"

တောင်းပန်တဲ့မျက်နှာအမူအရာလုပ်လာတဲ့ Felix က သူ့ကိုသနားသွားပုံရတယ်။ သနားတော့ရောဘာထူးမှာလဲ ဘာပဲဖြစ်ဖြစ် ချောကလက်ကျွေးမှာမှမဟုတ်တာ ဟွန့်!

"ချောကလက် အရမ်းအရမ်းစားချင်နေလို့ Athy ကအိပ်လို့တောင်မရဘူး"

ဒါပေမဲ့ ဒီလောက်နဲ့အရှုံးပေးလိုက်လို့ဘယ်ဖြစ်မလဲလေ။

Felix တစ်ယောက် အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားတာကိုမြင်ရတယ်။ ဟုတ်ပြီကွ! ဒါသက်ရောက်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။

"တစ်ခုတည်းလေ...တကယ်တစ်ခုတည်းပဲစားမယ်လေနော်...နော်?"

သူ့ရဲ့ ပင်တိုင် ချောကလက်ဆက်သသူကြီးကို ချစ်စရာအမူအရာတွေထုတ်သုံးပြီး အသနားခံလိုက်တယ်။ အဲ့ဒီနောက်မှာတော့ အနည်းငယ်စိတ်ပြောင်းသွားတယ်ဆိုတဲ့သက်သေအဖြစ် Felix ရဲ့အကြည့်တွေ အနည်းငယ်လှုပ်သွားတာမျိုး တွေ့ရတယ်။ Felix ရယ် သူ့နန်းစေအစ်မ Hannah တို့ Seth တို့ရယ်က အကောင်းဆုံးသွားရည်စာထောက်ပံ့သူတွေပဲ။

ဒါပေမဲ့ Lily က သူ့ကိုချောကလက်တွေမပေးဖို့ အသေအချာကို မှာထားတော့ နည်းနည်းခဲရာခဲဆစ်ဖြစ်ရတယ်။ သူတို့ပြဿနာကိုလည်းနားလည်ပါတယ်။ ဒါပေမဲ့ အခုတော့ပေးသာပေးလိုက်ပါ...။

"ဒီတစ်ခါ ကျနော်တကယ်ထပ်ပေးလို့မရတော့ဘူး..."

"ကတိပေးတယ်လေ ကတိ တကယ်တစ်ခုတည်းစားမှာ"

"မစ္စ Lilian သာသိရင်-"

"Athy မပြောဘူးလေ...Athy တို့နှစ်ယောက်လုံးမပြောရင် Lily သိမှာမဟုတ်ဘူး!"

Who Made Me A Princess 《MM Translation》Donde viven las historias. Descúbrelo ahora