[UNICODE]
Lily ရဲ့ ပွေ့ဖက်ပေးထားတဲ့ လက်တွေနဲ့ တိုးဖွဖွစကားဆိုနေတဲ့ အသံဟာ သိသိသာသာကို တုန်ရီလို့နေတယ်။ သူ့ရဲ့ ဝေဝါးနေတဲ့ မြင်ကွင်းမှာ တဖြည်းဖြည်းဝေးကွာသွားတဲ့ Claude ရဲ့ ကျောပြင်ကို မြင်နေရတယ်။
"ဟင့်"
မြင်ကွင်းကနေ Claude လုံးဝပျောက်သွားတဲ့အချိန်မှပဲ သူ အသံထွက်နိုင်ခဲ့တယ်။
"အူးဝါးးး...!"
အတော်အသင့် ရှည်လျားခဲ့တဲ့အရင်ဘဝမှာရော တိုတောင်းသေးတဲ့ အခုဘဝမှာပါ ဒီလောက်ထိ ကြောက်လွန်းလို့ ငိုကြွေးခဲ့ရတာဟာ ဒီတစ်ကြိမ် ပထမဆုံးပါပဲ။
————
ကျန်းမာလွန်းလို့ နေမကောင်းဖြစ်ခဲလှတဲ့သူဟာ Claude နဲ့ တွေ့ပြီးတည်းက ပြဿနာတွေ ရှိလာတော့တယ်။ အတူတူ စားသောက်ပြီးတဲ့အခါတိုင်း ပြန်အန်ထွက်တာဟာ ပုံမှန်လိုဖြစ်လာတယ်။ ဒါကိုလည်း သူအသားကျနေပါပြီ။ ဒါပေမဲ့ အခုတစ်ခါက ရေကန်မှာ ရေနစ်ပြီးတော့ သေတော့မလိုတောင် ဖြစ်ခဲ့တာလေ။
အဲ့ဒီကိစ္စ ဖြစ်ပျက်ပြီးတဲ့နောက်မှာ သူ တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ နေမကောင်းခြင်းမျိုး ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်မှာ စောင်တွေ အထပ်ထပ်ပတ်ပြီး အတော်ကြာအောင် အိပ်ယာထဲလဲခဲ့ရတယ်။
Lily နဲ့ နန်းစေအစ်မတွေ ပြုစုပေးတာ ခံရင်းကနေ သေချာပေါက် ကောက်ချက်ချလိုက်ရတာကတော့...
Claude က ေ-ာက်ကျိုးနည်း ေ-ွးမသားပဲ!
နောက်ဆုံးမှာ ရေထဲကနေ ဆွဲထုတ်ပေးခဲ့တာ မှန်ပေမဲ့ သူ ဒီလောက်ရုန်းကန် ကူးခတ်နေရတာကို မြင်တာတောင်မှ ချက်ချင်းမကယ်ခဲ့ဘူးလေ! ဒီ သောက်ရူးဆိုက်ကိုကောင်... ငါးနှစ်ကလေးတစ်ယောက် ရေနစ်ပြီး သေတော့မှာကို ဘယ်လိုတောင် အဲ့ဒီမျက်လုံးမျိုးနဲ့ ထိုင်ကြည့်ရက်တာလဲ!? နောက်ပြီး အဲ့ဒါကလည်း ကိုယ့်သမီးကိုလေ? ဘယ်အချိန် ပြန်တွေးတွေး ကြက်သီးထတယ်။
တကယ်တော့ သူအံ့ဩမနေသင့်ဘူး။ အဲ့ဒီလူ ဒီလိုပြုမူတယ်ဆိုတာ ပုံမှန်ပဲ။ ဝတ္ထုထဲမှာ Athanasia ကို တစ်ချက်မတွန့်ဆုတ်ဘဲ သတ်ခဲ့သေးတာပဲမလား။ ဟင့်...။
ESTÁS LEYENDO
Who Made Me A Princess 《MM Translation》
FantasíaTitle: Who Made Me A Princess/ Suddenly I Became A Princess One Day Author: Plutus (플루토스) Type: Web Novel (KR) Genre: comedy, drama, fantasy, shoujo, romance