"ရာ ဘာလို့ ဂဏာမငြိမ်ဖြစ်နေတာလဲ"
ကြိုးစားပေမယ့် မထိန်းနိုင်တဲ့ ကျမရဲ့သဝန်တိုမှုက ဥက္ကာကိုပါ သတိထားမိစေခဲ့တာဖြစ်မယ်
ကျမတို့နှစ်ယောက်က သူ့မိဘတွေကို ဘူတာရုံမှာ လာကြိုနေကြတာပါ"ရီနာနဲ့သွင် အတူရှိနေမယ့်အကြောင်း အတွေးထဲက ထုတ်မရလို့"
"နင် သဝန်တိုနေတာပဲ"
"အင်း..ငါ သဝန်တိုနေတယ်
ဒါပေမယ့် ငါက ဘာလို့ အဲ့လောက်ထိ သဝန်တိုနေရတာလဲ
မဖြစ်သင့်ဘူးမဟုတ်လား"
"မဖြစ်သင့်ဘူးဆိုတာ ဘယ်ရှိမှာလဲ ရာရဲ့
နင် သူ့ကို ချစ်နေတာလေ"
"နင်ပြောချင်တာက ချစ်သူလိုလား"
"အင်းလေ
နင်ကတော့ မရိပ်မိဘူးမဟုတ်လား"
"ငါ နားမလည်ဘူး ဥက္ကာ"
"နင်က သူများပေတံတွေနဲ့ သွားတိုင်းနေလို့ဖြစ်မယ် နင်က ကွဲပြားတယ်လေ ရာ
နင့်အတွက် အချစ်ဆိုတာက အခြားသူတွေနဲ့ တူချင်မှတူမှာ ငါ မေးကြည့်မယ်
နင့်အတွက် ပျော်ရွှင်ခြင်းက ဘယ်ကနေ ရတတ်လဲ"
"ဟမ်.."
"ငါမေးချင်တာက လှုပ်ရှားသက်ဝင်မှုနဲ့
တည်ငြိမ်မှု ဘယ်ဟာကို ရွေးမလဲ"
"တည်ငြိမ်မှုပေါ့
အဲ့တာက တကယ့်ကို ငြိမ်းအေးတဲ့ပျော်ရွှင်ခြင်းကို ပေးတယ်"ဥက္ကာက ဆိုင်က ဝယ်လာတဲ့ကော်ဖီခွက်လေးကို တစ်ရှုးနဲ့သုတ်ပြီး ကျမကို လှမ်းပေးတယ်
ကျမရဲ့ clean addict ကြောင့် သူက အမြဲသတိထားတတ်တယ်
ကျမရဲ့အကျင့်ကို နားလည်ပေးနိုင်တဲ့ နောက်တယောက်
ရီနာကတော့ ကျမကို နားလည်ပေးနိုင်ဆုံးလူသားလေးပါ"အဲ့လိုမျိုးပဲ
နင့်အချစ်ကလည်း တည်ငြိမ်မှုတွေကို အခြေခံတယ်
ရီနာ့အတွက် နင် ဘယ်လိုလုပ်ပေးရတာကို ကြိုက်လဲ"
"ငါ သူ့ကို အလိုက်တသိနဲ့ အရာရာဖြည့်ဆည်းပေးချင်တယ်
သူတောင်းဆိုသမျှအကုန်လုံးကို လိုက်လျောပေးချင်တယ်
သူ့ကို ကာကွယ်ပေးချင်တယ် ဂရုစိုက်ပေးချင်တယ်
စကားလုံးတွေနဲ့ ငါ့အချစ်ကို ဖော်ပြတာထက် ဒီအတိုင်းဂရုစိုက်ပေးရတာကို ပိုကြိုက်တယ်
အပြုအမူတွေကနေ ငါ့အချစ်ကိုဖော်ပြရတာ သဘောကျတယ်
အရေးကြီးဆုံးက ငါ သူ့ကို ပျော်နေစေချင်တယ်
သူပျော်အောင်လည်း ငါက လုပ်ပေးချင်တယ်
အဲ့လိုမျိုး သူ့ကို ပျော်အောင်လုပ်ပေးနိုင်တာက ငါပဲဖြစ်ချင်တယ်"
"အဲ့တာကို နင်က မချစ်ဘူးငြင်းတယ်လား"
"မဟုတ်ဘူး ဥက္ကာရဲ့ ငါမငြင်းဘူး
ဒီအတိုင်း ငါ့အချစ်ကို ခေါင်းစဉ်မတပ်ချင်တာ
အဲ့တာက ဘောင်ခတ်ထားသလိုပဲ
ငါက လွတ်လပ်တာကို ကြိုက်တယ်လေ
အဲ့လိုမျိုးဘောင်ခတ်မှုတွေက ငါ့ကို မွန်းကြပ်စေတယ်"
"ဒါဆို နင် သူ့ကို ချစ်နေတယ်ပေါ့
ငါပြောတာက ချစ်သူလိုမျိုး"
"ငါ..နားမလည်ဘူး ဥက္ကာ
ငါတို့က မိန်းကလေးချင်းလေ"
"အဲ့တာကို နင်ဆန့်ကျင်လား"
"မဟုတ်ပါဘူး
ဒီအတိုင်း နားမလည်နိုင်သေးတာ"
"ဆိုတော့ နင် ရှာမကြည့်ဘူးလား
နင်က အမြဲရှာဖွေရတာကို သဘောကျတယ်လေ"
"ဘယ်နေလိမ့်မလဲ ရှာတာပေါ့
video တခု စတွေ့မိသွားတာ kpop moments လေ အဲ့ဒီမှာ မိန်းကလေးနှစ်ယောက်ကို တွဲပေးထားတာ krystal နဲ့ sulli လေ jungli otp
ပြီးတော့ seulrene"
"နင် ဘယ်လိုခံစားရလဲ"
"သဘောကျတာပေါ့ hetero အတွဲတွေထက် ပိုသဘောကျတယ်
အဲ့တာတွေကြည့်ပြီး ငါ romance movies တွေ ကြည့်လို့မရတော့ဘူး"
"နင်က straight မဟုတ်ဘူးပဲ"
"ငါ ဘယ်တုန်းက straight လို့ပြောလို့လဲ
ဒီအတိုင်း ငါ့ကိုယ်ငါ ကွဲပြားနေတာသိပေမယ့်
နားမလည်သေးလို့ပါ"
"ရီနာတော့ တအားပျော်နေမှာပဲ"
"အင်း သေချာတာပေါ့"
"ကြည့်ပါဦး ရီနာဆိုတာနဲ့ နင့်အပြုံးတွေက တောက်ပနေလိုက်တာ"
YOU ARE READING
*no title love*(complete)
Romance"ရာ ငါ့ကို ချစ်လား" "ချစ်တာပေါ့ နင်က ငါ့သူငယ်ချင်းပဲလေ" "မဟုတ်ဘူး ငါပြောချင်တာက ငါ့ကို ချစ်သူတယောက်လိုချစ်လား" "ဘယ်လိုလုပ်ပြီး.. ငါတို့က မိန်းကလေးချင်းလေ ရီနာ ပြီးတော့ ငါ့မှာ ကောင်လေးရှိတယ်လေ" "နင့်ကောင်လေးကို နင်ချစ်လား" "အဲ့တာကို နင်သိနေသားပဲ" "ဒ...