*no title love part 7*

717 55 2
                                    

ကျမ အခန်းတံခါးကို ဖွင့်လိုက်တော့ လက်တစုံရဲ့ဆွဲယူပွေ့ဖက်ခြင်းကို ခံလိုက်ရပြီး ကျမရဲ့ကျောပြင်က သူမရဲ့ရင်ဘတ်နဲ့ ထိကပ်သွားတယ်

"ah..ရာ ရာလား
ရာက ဘယ်လိုလုပ်ပြီး.."

ရာက ဒီအချိန်ရောက်လာဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ဘူးလေ
ဒါပေမယ့် သူမဆီကနေ ရာ့ဆီကရတတ်တဲ့ ရနံ့မျိုးကို ရနေတယ်

"ဘယ်သူလို့ ထင်နေတာလဲ"
"ရာပဲ..
ဘယ်လိုရောက်လာတာလဲ"

ကျမ လှည့်ကြည့်ဖို့ကြိုးစားပေမယ့် ရာ့လက်တွေက တင်းကြပ်နေတယ်

"ရာ.."
"ဒီအတိုင်း..ဒီအတိုင်းလေးနေပေး"
"အင်း"

ရာက ကျမပခုံးပေါ်ကို မေးတင်လိုက်တယ်

"ဒီပုံစံက တကယ်သက်သောင့်သက်သာရှိတာပဲ
အဲ့တာကြောင့် ငါ့ကို အမြဲ နောက်ကနေ ဖက်ခဲ့တာလား"
"အဲ့တာကို နင်ကြိုက်တယ်မဟုတ်လား ရာ"
"နင်လည်း ကြိုက်တာပဲမဟုတ်လား"
"အင်း"
"ဒီမှာ"

ရာက သူမလက်ထဲကပန်းစည်းကို ထောင်ပြတယ်

"red carnations အဲ့ဒီပန်းရဲ့အဓိပ္ပါယ်ကို သိတယ်မဟုတ်လား ရာ"
"သိတာပေါ့
ချစ်မြတ်နိုးမှုကို ဖော်ပြဖို့နဲ့ လွမ်းတယ်ဆိုတာကို ပြောပြဖို့အတွက် ပေးလို့ရတယ်လေ"
"ဒါဆို နင် ငါ့ကို လွမ်းနေတာလား ရာ"
"အင်း လွမ်းတယ်ဆိုတာထက်
သဝန်တိုနေတာက ပိုတယ်
ဘူတာရုံသွားတဲ့လမ်းတလျှောက်မှာ narcissus ပန်းအဝါတွေ ပွင့်နေတယ် ရီနာ
အဲ့ဒီပန်းတွေက ငါ့ရဲ့သဝန်တိုနေတဲ့စိတ်ကို လောင်စာထည့်နေသလိုပဲ"

narcissus flower က ဒီဇင်ဘာရဲ့မွေးလပန်းတမျိုးပါ
အဝါရောင်က jealousy သဝန်တိုမှုကို ရည်ညွှန်းပါတယ်
ကျမ စိတ်မထိန်းနိုင်တော့ပဲ ရာနဲ့ မျက်နှာချင်း ဆိုင်ဖြစ်အောင် လှည့်လိုက်တယ်
ရာက စိတ်တိုနေတဲ့ဘဲပေါက်လေးလိုပဲ
ကျမ ရာ့ပါးပြင်ကို အသာဖဲ့လိုက်တယ်

"ဘာလဲ.."
"ချစ်ဖို့ကောင်းလို့လေ
ဒီပုံစံက မြင်ရခဲတယ်"
"နောက်မနေနဲ့ ရီနာ
နင့်ကြောင့်လေ ငါ့မှာ ညတောင်ကောင်းကောင်းမအိပ်နိုင်ဘူး
အခုလည်း ကားတောက်လျှောက်မောင်းလာမိတယ်"
"တကယ်တော့ အဲ့ဒီအချိန်ကတည်းက ငါနဲ့ လိုက်ခဲ့မယ်ထင်ခဲ့တာ"
"မဖြစ်နိုင်လို့ပေါ့ ရီနာ
ငါတို့စီစဉ်ထားသမျှ အကုန်ပျက်သွားမှာစိုးလို့"
"ငါ့ကို ပြောပြချင်လား"
"အင်း.."

*no title love*(complete)Where stories live. Discover now