အေသူ့ကြောင့်မင်းတစ်ခုခုထိခိုက်တာတို့၊နာကျင်ရတာတို့၊ဝမ်းနည်းရတာတို့ဖြစ်ခဲ့ရင်
ငါအဲကောင်ကိုအသေသတ်ပစ်မယ်။အဲကျမှငါ့ကိုအဆိုးမဆိုနဲ့။Jimin _စိတ်လျော့ပါTaehyungရယ်။သူကလူကောင်းလေးပါ။
Taehyung _အဲမှာရှေ့နေလိုက်နေလိုက်။ငါအဲကောင်ပုံစံကြည့်ဦးမယ်။အချိုးမပြေလို့ကတော့ငါနဲ့ကိုတွေ့မယ်။
Jimin _စိတ်လျှော့ပါ။ဘာလို့အဲလောက်ဒေါသထွက်နေရတာလဲ။
Taehyung _Jiminငါမင်းကိုနည်းနည်းလေးမှအထိခိုက်မခံနိုင်ဘူး။မင်းဝမ်းနည်းပြီးနာကျင်ရတာတွေကိုလည်းမမြင်ချင်ဘူး။
တကယ့်ကို Soulmate လေးပါပဲ။သူက
ကျွန်တော့်အတွက်အမြဲတွေးပေးတတ်တယ်။ကျွန်တော့်ကိုယ်ကျွန်တော်မယုံကြည်ရဲခဲ့တဲ့အချိန်တွေတုန်းကတောင်သူကကျွန်တော့်ကိုရာခိုင်နှုန်းအပြည့်ယုံကြည်ပေးခဲ့တယ်။
ကျွန်တော့်အတွက်တော့သူကတကယ့်ကိုညီအစ်ကိုရင်းသွေးသားအရင်းအချာတစ်ယောက်ပါပဲ။Jimin _စိတ်ချပါ။အဲလိုမဖြစ်စေရဘူးနော်။
Taehyung _အဲဆိုလည်းပြီးတာပဲ။အတန်းသွားတက်ရအောင်။
Jimin _အင်း။သွားမယ်လေ။
ကန်တင်းကနေအတန်းကိုသွားဖို့ခြေလှမ်းများဦးတည်မည်အလုပ်။
"Hyung"
Jungkook _Hyung ကျွန်တော်နဲ့တစ်နေရာလိုက်ခဲ့ပေး။
Jimin _အခုလား။
Jungkook _အင်းခုပဲ။လိုက်ခဲ့ပေး။
Jimin _အခုတန်းအချိန်နီးပြီမလို့အတန်းပြီးမှသွားရအောင်လေ။
Jungkook _မရဘူးဗျာ။ကျွန်တော်ကအခုသွားချင်တာ။လိုက်မှာလားမလိုက်ဘူး
လားဒါပဲပြော။လေသံခပ်မာမာတွေပါသည်မို့Taehyung မနေနိုင်ဝင်ပြောမိသည်။
Taehyung _အတန်းရှိလို့မလိုက်ဘူးပြောနေတာကိုမင်းကဘာဖြစ်နေတာလဲ။
Jungkook _ခင်ဗျားနဲ့ဘာဆိုင်လို့ဝင်ပြောနေတာလဲ။
Taehyung _ငါကသူ့သူငယ်ချင်း။
Jungkook _ကျွန်တော်ကသူ့ချစ်သူ။ခင်ဗျားထက်ပိုတယ်။
မနေ့တစ်နေ့ကမှချစ်သူဖြစ်လာတဲ့ကောင်ကဘာသိလို့ပြောရဲတာလဲ။Taehyungဒေါသထွက်မိသည်။သူ့အပိုင်လိုလိုအထာနဲ့ပြောနေပုံကမြင်ကပ်စရာကောင်းလွန်းလို့ဆွဲထိုးချင်စိတ်ပါပေါက်သည်။