လေပြေ Part (3)

406 21 0
                                    

ထိုသို့ကျန်ခဲ့သောကောင်ပိစိလေးကိုမိုးနတ်မင်းကလည်းမစာမနာ မိုးစက်တွေသည်းကြီးမည်းကြီးရွာချလေသည်။

Jungkook_"Mochi Hyung" နည်းနည်းလေးတော့စောင့်သင့်ပါတယ်ဗျာ။‌ကျွန်‌ေတာ်Hyungကိုနှုတ်ဆက်စကား‌ေလးပြောလိုက်ချင်သေးတာ။Mochi Hyung.......

မိုးရွာကြီးထဲတစ်ယောက်တည်းစကား‌ေတွအော်နေသောကောင်ပိစိ‌ေလး။မိုး‌ရွာကြီးထဲမှာပါးပြင်‌ေပါ်ကျလာတာမျက်ရည်‌ေတွလား၊မိုးရေစက်တွေလားမသဲကွဲ‌ေတာ့ပါ။

ထိုအချိန်နဲ့တစ်ပြိုင်တစ်ဖက်တွင်လည်းJungkookအမေသည်လည်းသူဖြစ်သူပျောက်သွား၍စိုးရိမ်ကြီးစွာလိုက်ရှာနေလေသည်။

Jungkook Mom _အိမ်ထဲမှာလည်းမရှိ။ခြံထဲမှာများလား။အိမ်ကြီးထဲသွားတာလား။မဖြစ်နိုင်တာမသွားလောက်ပါဘူး။ဒါပေမယ့်လည်းသွား‌ေမးကြည့်ရမယ်။

ဒီလိုနဲ့အိမ်ကြီးမှာအလုပ်လုပ်တဲ့အလုပ်သမားများကိုJungkookများအိမ်ကြီးထဲလာသလားသွားမေးသော်လည်းအကြောင်းမထူးပေ။ထို့ကြောင့်အိမ်အပြင်ဘက်တွင်ထွက်ရှာရန်ထွက်လာခဲ့သည်။

Jungkook Mom_"Jungkook သားJungkook ဒီကလေးနဲ့တော့ခက်တာဘဲ့။နေလည်းမကောင်းမိုးကလည်းရွာနေတာ။ဘယ်တွေလျှောက်သွားနေတာလဲ။

ထိုအချိန်တစ်ဖြည်းဖြည်းနဲ့ဒယိမ်းဒယိုင်လျှောက်လာသောလူလေးတစ်ယောက်။မိုးရွာနေ၍မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမမြင်ရသေး။တဖြည်းဖြည်းလျှောက်လာရင်း‌မြင်လိုက်ရသောကောင်လေးမှာJungkookတစ်ယောက်ပင်ဖြစ်သည်။

Jungkook Mom_သား။အ‌မယ်လေး အမေ့သားလေး။ဘယ်တွေလျှောက်သွားနေတာလဲ။မိုးတွေဒီလောက်ရွာနေတာ။အမေဘယ်‌ေလာက်စိတ်ပူနေမယ်ဆိုတာသားမသိဘူးလား။နေလည်း‌မကောင်းဘဲနဲ့။ဘာလို့အဲလိုလျှောက်သွားနေရတာလဲ။

Jungkook _သား၊သား တောင်းပန်ပါတယ်အမေ။သားလေ Mochi Mochi Hyungကို

(နေလည်းမကောင်း။အားအင်တွေကုန်ခမ်းကာစကားတောင်ဆုံးအောင်မပြောနိုင် Jungkookတစ်ယောက်‌ေမ့လဲသွားခဲ့လေ။)

Jungkook Mom_"သား၊သား Jungkook..
Jungkook "အမေခေါ်နေတယ်လေ။သား

ဘယ်လိုမှလည်းနှိုးခေါ်လို့မရ။မိခင်တစ်ယောက်မို့ "ငါ့သားလေးဘာဖြစ်သွားလဲမသိ။တစ်ခုခုများဖြစ်သွားသလား။"ဟုစိုးရိမ်စိတ်များဝင်ကာ မိုးရွာကြီးထဲမေ့လဲသွားသော8နှစ်အရွယ်ကလေးကိုကောက်ချီကာအိမ်သို့အမြန်ပြေးလာခဲ့လေသည်။ပါးစပ်ကလည်းတဖွဖွ "သား။ဘာမှမဖြစ်စေရဘူး။အမေတစ်ယောက်လုံးရှိတယ်။"ဟု ရေရွတ်နေလေသည်။သည်လိုနဲ့အိမ်သို့ရောက်သော်မိုးရေတွေစိုရွှဲနေသောသားလေးကိုအကျီ‌ေတွဘာ‌ေတွလဲပေး၊နွေနွေးထွေးထွေးလေးရှိအောင်အသေချာပြုလုပ်ပေး‌ေနရင်း သားလေးကိုကြည့်လိုက်‌ေသာ်ဖြူဖတ်ဖြူရော်ဖြစ်နေသောကြောင့် Jeonသခင်ကြီးကိုမိသားစုဆရာခေါ်ပေးရန်ပြောဖို့အိမ်တော်ကြီးကိုပြေးလာခဲ့သည်။သို့သော်Jeonသခင်ကြီးကရုံးသွားချိန်မို့မတွေ့ခဲ့ပေ။ထိုအခါဧည့်ခန်းတွင်ကော်ဖီတစ်ခွက်သောက်ကာစာအုပ်ဖတ်နေသောJeonသခင်မကိုတွေ့သောကြောင့်မိသားစုဆရာဝန်ပင့်ပေးရန်သွားတောင်းဆိုလေသည်။

လေပြေ Where stories live. Discover now