ထုံးစံအတိုင်းပြတင်းေပါက်အပြင်ဘက်ကို ေငးကြည့်ကာတစ်ေယာက်တည်းအေတွးေတွနယ်ချဲ့မိပြန်သည်။
"အချိန်တွေဘယ်လောက်ကြာကြာထပ်စောင့်ရမှာလည်းHyungရယ်။ Hyungကိုပြန်တွေ့ရဖို့ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ။အခုကောဘယ်တွေရောက်နေတာလဲ။ကျွန်တော့်ကိုမေ့သွားတာများလား။"
ဆရာလာပြီဆိုသောအသံကြောင့်အတွေးနယ်ပယ်ထဲကနေနိုးလာခဲ့သည်။နိုးလာသော်လည်းစာထဲစိတ်ကမစုစည်းနိုင်ပါ။အတွေးတွေထဲကိုသာစိတ်ကပြန်ရောက်နေမိသည်။ဆရာရှင်းပြသမျှဘာမှမကြားနိုင်၊မမြင်နိုင်ဖြစ်ကာကျောင်းဆင်းမည့်အချိန်ကိုသာရေတွက်နေမိ။အိမ်ကိုသာပြန်ချင်နေသည်။ရင်ထဲဝမ်းနည်းနေသလိုလို၊အထီးကျန်သလိုလို၊ငိုချင်သလိုလိုဘယ်လိုခံစားနေရတာလဲမသိ။
"အလွမ်း၊အဆွေးဆိုတာလူတွေကိုရူးလောက်အောင်ပြုလုပ်နိုင်စွမ်းရှိပါလား။"လို့ေရရွတ်မိသည်။မနက်ပိုင်းစာသင်ချိန်ပြီးလို့
ေန့လည်ထမင်းစားချိန်ေတာင်စာချင်စိတ်မရှိေသာေကြာင့်စာေရးခုံအေပါ်မျက်နှာေလးအပ်ထားမိသည်။"အိမ်ကိုဘဲ့ပြန်လိုက်ရမလား။"တွေးမိသည်။သို့သော်Hoseokမျက်နှာအားပြေးမြင်လိုက်သည်။ကျွန်ေတာ့်အေကြာင်းအသိဆုံး၊ကျွန်ေတာ့်ကိုနားလည်ေပးနိုင်ဆုံးေသာလူသားတစ်ေယာက်ဟုဆိုလည်းမမှား။ကိုယ့်ပေါ်အရမ်းကောင်းသောသူငယ်ချင်းကိုချန်ခဲ့ပြီးအိမ်ပြန်ရေလာက်ေအာင်ကျွန်တော်တစ်ကိုယ်ကောင်းမဆန်နိုင်ပါ။ထို့ကြောင့်တစ်နေကုန်မတက်ချင်တဲ့စာသင်ချိန်တွေကိုအောင်းအီးသည်းခံပြီးတက်ခဲ့ကသည်။စိတ်ကတစ်ခြား၊လူကတစ်ခြား။စိတ်ကလွန်ခဲ့သောဆယ်နှစ်ကတွေ့ ခဲ့သောပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးနှင့်Mochiလုံးလေးလိုချစ်ဖို့ကောင်းတဲ့ကောင်လေးဆီရောက်နေမိသည်။သည်လိုနဲ့တစ်ဖြည်းဖြည်းစာသင်ချိန်ကုန်ဆုံးသွားခဲ့လေ။"ဒီနေ့တော့ဒီလောက်ပါဘဲ့။နောက်နေ့မှဆက်သင်ကြမယ်"ဆိုသောဆရာစကားကြောင့်နစ်မြောနေသောအတွေးထဲကနေပြန်ထလာခဲ့သည်။ဆရာစကားဆုံးသည်နှင့်ဆရာနှင့်အပြိုင်စာသင်ခန်းထဲကထွက်လာမိသည်။ဒီလိုနဲ့ေလျှာက်ရင်းစာပေမေဂျာအရှေ့ရောက်သော်Hoseokကအတန်းမပြီးသေးသောကြောင့်အတန်းရှေ့ကော်ရစ်တာရဲ့တစ်နေရာမှာရပ်စောင့်နေမိသည်။မနက်ကတည်းကနေအခုညနေကျောင်းဆင်းချိန်အထိစိတ်အခြေအနေပုံမှန်မဖြစ်သေးသောကျွန်တော်ဟာHoseokအတန်းပြီးသည်တောင်မသိလိုက်ပေ။"Jeon Jungkook ငါခေါ်နေတာမကြားဘူးလား။"ဟုပြောပြီးပခုံးလာပုတ်မှHoseokအတန်းပြီးသွားမှန်းသိခဲ့ရလေသည်။