လေပြေ Part (12)

278 25 8
                                    

Hoseok _ဘာ!!!!!!!။Jungkookလာပြန်ပြီလားမင်း။အမြဲတမ်းပြောနေတယ်နင်အတည်ကောချစ်လို့လား။မနေ့ကပဲမင်းရဲ့အချစ်ဦးကိုအရမ်းလွမ်းတယ်ဆို။မင်းဟာကဘာတွေလဲ။ငါမင်းကိုနားမလည်တော့ဘူး။ငါနင့်ကိုအတည်မေးမယ်နော်။မင်းစီနီယာကိုတကယ်ပဲချစ်လို့လား။

Jungkook _မချစ်ဘူး။

Hoseok _Jeon Jungkook !!!!!!!မင်းကိုငါအတည်မေးနေတာနော်။

Jungkook _အေးငါလည်းအတည်ပဲပြောနေတာ။မင်းရဲ့စီနီယာကိုချစ်ဖို့မပြောနဲ့စိတ်တောင်မဝင်စားဘူးရှင်းလား။

Hoseok _အဲဆိုဘာလို့ချစ်သူတွေဖြစ်နေကြတာလဲ။

Jungkook _ကြည့်မရလို့ချစ်ဟန်ဆောင်တာ။အသည်းခွဲမလို့သိပြီလား။

Hoseok _Jeon Jungkook မင်းကိုငါစီနီယာအကြောင်းပြောပြခဲ့တာဒီလိုတွေဖြစ်လာဖို့မဟုတ်ဘူးနော်။မချစ်ရင်ဘာလို့ဒီလိုတွေလုပ်နေတာလဲ။မင်းလုပ်နေတာတွေရပ်လိုက်တော့နော်။

Jungkook _SorryပဲHoseok။မင်းငါ့ကိုလာတားလို့မရဘူး။ငါအသည်းခွဲလို့ဝရင်တော့ရပ်ပေးမယ်။

Hoseok _မင်းဘာတွေဖြစ်နေတာလဲJungkook။ဟမ်။ဘာလို့ပြောင်းလဲသွားတာလဲ။အရင်ငါသိခဲ့တဲ့Jeon Jungkook မှဟုတ်ရဲ့လား။ဘာလို့လဲ။ဘယ်သူကဒီလိုဖြစ်အောင်လုပ်လိုက်တာလဲ။ပြောစမ်းပါ။မင်းကိုဒီလိုပုံဖြစ်သွားအောင်ဘယ်သူကလုပ်လိုက်တာလဲ။

Jungkook _ အဲဒါကမင်းရဲ့စီနီယာကြောင့်
ပဲ။သူကိုစစတွေ့ကတည်းကပဲအရာအားလုံးပြောင်းလဲသွားခဲ့တာ။သူ့‌ကိုတွေ့တိုင်းငါ့နှလုံးသားကနာကျင်ရတယ်။ပြောမပြတတ်အောင်သေမတတ်ခံစားရတယ်။မင်းအဲတာတွေသိလို့လား။နားလည်လို့လား။

အချစ်ကိုအမုန်းထင်ပြီးအချစ်နဲ့အမုန်းကိုခွဲခြားမသိနိုင်လောက်‌အောင် တက္ကသိုလ်
မေဂျာတစ်ခုရဲ့နံပါတ်တစ်ကျောင်းသားလေးဟာနုံအလွန်းခဲ့တယ်။

Hoseok _ဟာ။အရေးမပါတာတွေJungkookရာ။မင်းဟာကမဟုတ်သေးပါဘူး။ဘာမှမဟုတ်တဲ့အရာလေး‌ကြောင့်အဲလောက်လုပ်စရာလိုလို့လားကွာ။

Jungkook _ဘာကိုအရေးမပါတာလဲ။ဘာကိုဘာမှမဟုတ်တဲ့အရာလေးလဲ။မင်းမခံစားဖူးဘဲမပြောစမ်းပါနဲ့။ကြည့်ထားငါခံစားရသလိုသူလည်းပြန်ခံစားစေရမယ်။
မင်းတို့ရဲ့စံပြစီနီယာကြီးငါနဲ့တွေ့မှအရှုံးသမားလုံးလုံးဖြစ်စေရမယ်။

လေပြေ Where stories live. Discover now