Jungkook _ဒီတစ်ခါတော့မင်းငါ့ကိုနားလည်ပေးပါHoseok။
Hoseok _ငါဘက်ကကောစကားအကုန်ပြောပြီးပြီJungkook။လက်ခံတာလက်မခံတာတော့မင်းအပိုင်းပဲ။ငါအတန်းထဲသွားတော့မယ်။ဒီနေ့ငါတို့မေဂျာမှာပွဲရှိလို့။
Jungkook _ဘာပွဲလဲ။
Hoseok _ဒီတိုင်းမေဂျာပွဲလေးပါပဲ။
Jungkook _သူဘာလို့ငါ့ကိုမပြောပြရတာလဲ။
Hoseok _နင့်ကိုအရာအားလုံးလိုက်ပြောပြနေရမှာလား။ပြီးတော့ငါတို့မေဂျာရဲ့ပွဲလေ။နင့်ကိုမပြောပြတာအဆန်းလား။နင်ကကောအရင်ကငါတို့မေဂျာအကြောင်းစိတ်ဝင်စားခဲ့လို့လား။အခုမှဘာဖြစ်လို့အရေးကြီးခွင်ကျယ်လုပ်နေရတာလဲ။
Jungkook _အရင်ကကောအခုနဲ့တူလို့လား။သူကအခုငါ့ရဲ့ချစ်သူ။သူငါကိုပြောပြရမယ်လေ။
Hoseok _Jungkookမင်းဟာကမဟုတ်သေးပါဘူး။ဘာ....
Jungkook _ဘာမဟုတ်သေးပါဘူး။ဟုတ်ကိုဟုတ်တယ်။မင်းဘာမှမသိပါဘူးကွာ။ကဲငါသွားအုံးမယ်။
ကျောခိုင်းထွက်သွားတဲ့သူကိုကြည့်ပြီးHoseokသက်ပြင်းချမိသည်။တစ်နေ့ကျအသည်းခွဲမယ်ဆိုတဲ့သူကအသည်းကွဲပြီးကျန်ရစ်မယ့်သူဆိုတာသူ့ကိုယ်သူမသိတာကိုရင်လေးမိသည်။
______________________________________
Hyung!!!!!!
မထင်မှတ်ထားတဲ့နမ်စားလေးကိုကြားလိုက်သည်မို့လှည့်ကြည့်မိသည်။
Jimin _Jungkookဘယ်ကနေဘယ်လိုရောက်.....
Jungkook _ဒီနေ့Hyungတို့မေဂျာမှာပွဲရှိတာကျွန်တော့်ကိုဘာလို့မပြောတာလဲ။
Jimin _ဒီတိုင်းမေဂျာပွဲလေးဆိုတော့လေ။
Jungkook _Hyungပြောပြရလောက်တဲ့အထိကျွန်တော်ကHyungအတွက်အရေးမပါဘူးလား။
အော်မေးရက်လိုက်တာလို့သာပြောလိုက်ချင်ပါတယ်။အရေးပါလို့ပဲဘာကိုမှဂရုမစိုက်နိုင်ဘဲသူ့ကိုပဲချစ်ခဲ့တာလေ။
Jimin_အရေးပါလို့ပဲမင်းကိုကိုယ့်ချစ်သူအဖြစ်သတ်မှတ်ထားတာလေ။
Jungkook _အဲတာဆိုဘာလို့မပြောပြရတာလဲလို့။
ဟော။ရှင်းပြလေပိုရစ်လေဖြစ်နေတဲ့ဒီကောင်ဆိုးလေးနဲ့တော့အခက်တွေ့နေပါပြီ။
![](https://img.wattpad.com/cover/316535875-288-k944625.jpg)