5

20.6K 1.5K 287
                                    

ကျွန်တော့်အိမ်ဝလေးမှာ သူ့ဆိုင်ကယ်ကြီးရပ်ပြီးသည်နှင့် သူ့လက်တွေက ကျွန်တော့်ပုခုံးထက်နေရာယူသည်။ပတ်ဝန်းကျင် အမြင်မှာ သူငယ်ချင်းတွေအနေနဲ့ မထူးဆန်းပေမဲ့ ကျွန်တော်တို့က မတူဘူးမလား...

သူနဲ့ကျွန်တော်က having sexအထိ ပတ်သက်‌နေကြတဲ့ သူငယ်ချင်းတွေလေ။

အိမ်ထဲရောက်တော့ အဖေက အိမ်ရှေ့ခန်းကျဉ်းကျဉ်းမှာပင် အိပ်နေပြီ။ကျွန်တော်က ဂျောင်ကုကို ရှုးခနဲလုပ်ပြီး ခြေသံဖွဖွနင်းကာ နှစ်‌ယောက်သား ကျွန်တော့် အခန်းပိစိလေးထဲသို့ ဝင်လာကြသည်။

"ခေါက်ဆွဲပြုတ်နော်"

"အေးပါ~ခဏလေး ငါရေချိူးပြီးတာနဲ့ ပြုတ်ပေးမယ်"

ဂျောင်ကုက သူ့အိမ်က ဟင်းအကောင်းစားတွေထက် ကျွန်တော့်အိမ်က ကျွန်တော်ပြုတ်ကြွေးတဲ့ ခေါက်ဆွဲပြုတ်လေးကိုသာ မက်မက်မောမော ပိုမိုစားတတ်သည်။

ကျွန်တော်က ခေါက်ဆွဲပြုတ်တဲ့အိုးအသေးစားလေးဖြင့် ၃ထုတ်ဖောက်ကာ ပြုတ်နေတဲ့ အချိန် ဂျောင်ကုက ကျွန်တော့်ကို မေးထောက်ပြီးကြည့်နေသည်။

"ဘာကြည့်နေတာလဲ"

"ဟင်!....အာ.... မင်းသာလေ တခြားတယောက်ယောက်နဲ့ လက်ထပ်သွားရင်ဆိုပြီး ငါတွေးလိုက်မိတဲ့အခါ နှမျောမိတယ်။ထယ်ယောင်း~ မင်းက အိမ်ထောင်မပြုဘူးမဟုတ်လား"

"မင်းကရော..!"

"မင်း အနားမှာပဲ နေချင်တာပါ~ ငါက"

"ဒါဆိုလဲ အိမ်ထောင်မပြုဘဲ အတူ‌တူနေကြတာပေါ့"

ကျွန်တော်တို့ရဲ့ အနားသတ်မျဉ်းတွေကို ညီအောင် မညှိချင်တော့ဘူး။သူဘက်က စိတ်ဆန္ဒအတိုင်း ကျွန်တော်က ကြိုးဆွဲရာကမဲ့ ရုပ်သေးရုပ်လေးလို။

"ရပြီလာ စားရအောင်"

ခေါက်ဆွဲပြုတ်လေးကို ကျွန်တော်သယ်လာပြီး စာရေးခုံလေးကို သူနဲ့ကျွန်တော့်ကြား ချလိုက်သည်။သူ က ကုတင်ပေါ်တွင် ထိုင်ကာ ကျွန်တော်က ခုံလေးတခုံဆွဲကာ စားပွဲရှေ့ ထိုင်လိုက်ပြီး ဇလုံတခုထဲက ခေါက်ဆွဲပြုတ်စပ်စပ်ကို အတူတူသောက်ကြသည်။

My Señorita (Complete)Where stories live. Discover now