ဘုရားရေ! သူအခု ချစ်တယ်လို့ ပြောလိုက်တာလား။အများကြီးချစ်တယ်လို့ ဂျောင်ကုက ပြောလိုက်တာများလား။ပြီးတော့ ကျွန်တော့်ကိုလေ...
လက်လေးတွေကို ဖိညှစ်ထားပြီး နူးနူးညံ့ညံ့အကြည့်တွေ၊ တန်ဖိုးထား မြတ်နိုးရသည့် အကြည့်တွေဖြင့် ကြည့်ပြီး ကျွန်တော့်ကို ချစ်တယ်လို့ ပြောလိုက်တာ။ဂျွန်ဂျောင်ကု သူကိုယ်တိုင် ပြောခဲ့တာ။
တိတ်တခိုး ချစ်ခဲ့ရတဲ့ ကောင်လေး၊တဖတ်သက် ချစ်ခဲ့ရတဲ့ အမျိုးသားလေး။သူငယ်ချင်းတွေပါလို့ အမြဲ ပြောခဲ့တဲ့ ကောင်လေးက ကျွန်တော့်ကို ချစ်တယ်လို့ ဝန်ခံနေတာ။
အရမ်းပျော်ရသလို တဖက်မှာလဲ အလွန်နာကျင်ရသည်။ သူထွက်သွားချင်ရင် လှည့်မကြည့်ဘဲ သွားမယ်...ပြန်လာချင်တဲ့ အခါ မမေးဘဲ ပြန်လာမယ်ဆိုတဲ့ ပုံစံ မျိုး ဆက်ဆံနေတာလို့ ခံစားနေရတယ်။
ရူးမတတ်နာကျင်ရသည်။ဘာလို့ အခုမှ လဲ..?
အဖေဆုံးဝာာလဲ သူ့ကြောင့်၊ကျွန်တော်ပျက်စီးရတာလဲ သူ့ကြောင့်။သူထားသွားခဲ့တဲ့ ကျွန်တော်က တမင်တကာ ကိုယ့်ကိုကိုယ်ပါ မုန်းရင်း ရှင်သန်ခဲ့ရတဲ့ နေ့ရက်တွေ။ဒါတွေက အချိန်တွေ၊ဘဝတွေ မဟုတ်ပါလား။အချိန်နှောင်းခဲ့ပြီ ဂျောင်ကုရယ်။
"သိပ်နောက်ကျခဲ့ပြီ ဂျောင်ကု...ဒီစကားကို မင်းအမျိုးတွေကြောင့် ငါ့အဖေမသေခင်က ပြောခဲ့သင့်တာ မဟုတ်ဘူးလား"
"ယောင်း...အဲတာဘာစကားလဲ?"
သူတကယ်မသိတာလား။ကျွန်တော့်အကြောင်း ၆နှစ်လုံးလုံး မစုံစမ်းဘဲ မေ့ထားခဲ့တာများလား။
"မင်း မသိတာ ငါပိုအံ့ဩတယ် ဂျောင်ကု။"
"အစပိုင်း နှစ်တွေမှာ မင်းအကြောင်းတွေ လုံးဝ စုံစမ်းလို့မရအောင် သူတို့ လုပ်ထားခဲ့ကြတာ ။အဲ့အချိန်ငါ့မှာ ဘာအာဏာပါဝါမှ မရှိဘူးလေ။နောက်ပိုင်းနှစ်တွေမှာတော့ ငါ့ဘက်က လုံးဝ မစုံစမ်းခဲ့တာဝန်ခံပါတယ်။ဒါပေမဲ့ အဲ့ကာလတွေမှာ ငါ ကြိုးစားခဲ့တာ။ငါ့မှာ အာဏာတွေ ရှိလာဖို့ ကိုယ်ပိုင် အစွမ်းအစတွေ ရလာဖို့၊မင်းနဲ့ အတူတူ နေနိုင်ဖို့ မင်းကို ကာကွယ်နိုင်ဖို့ သူတို့ သဘောကျနေပေးပြီး မောင်က ကြိုးစားခဲ့တာပါ ယောင်းရယ်။မောင့်ကို နားလည်ပေးပါကွာ နော်"
KAMU SEDANG MEMBACA
My Señorita (Complete)
Fiksi Penggemar"Red Carnation" ရဲ့ အဓိပ္ပာယ်က "မင်းကြောင့် ငါ့နှလုံးသားနာကျင်ရတယ်"တဲ့လေ...