13

18.3K 1.4K 63
                                    

ပြောရခက်သူဟာ လူကိုတွန်းတိုက်ပြီး Taxiတစ်စီးလှမ်းတားကာ တက်သွားတော့သည်။ ဒါမျိုးတော့ ‌ဂျွန်ဂျောင်ကုကို ဘယ်လုပ်လို့ရမလဲ။

Taxiအနောက်ကနေ ထပ်ကြပ်မကွာလိုက်နေမိပြီး လက်မှ ဖုန်းနံပါတ်အချို့ကိုလည်းနှိပ်လိုက်သည်။

"မင်္ဂလာပါ ဗိုလ်ချုပ်ကြီး။ကျွန်တော် မနက်က ပို့ပေးလိုက်တဲ့ လက်ဆောင်လေးရရဲ့လား ခင်ဗျ"

ဂျောင်ကု၏ အချိုသာဆုံးအသံဟာ တဖက်ကလူအတွက်အတော်လေး နားထောင်ကောင်းနေမှာဖြစ်သလို လက်ဆောင် အတွက် သဘောအလွန်ကျနေမှာမြင်ယောင်နေပါ၏။

အကောင်ကြီးကို ဖြိုချင်ရင် မသတီလဲ အကောင်ကြီးထက် ရွံစရာကောင်းတဲ့ အာဏာရှင်ကို ချည်းကပ်ရမယ်ဆိုတာ ကောင်း‌ကောင်းသိတာမို့ ဂျောင်ကုက အကောင်းဆုံး နည်းလမ်းအသုံးပြုခဲ့တာပင်။

‌အမေရိကန်မှာ ဂျောင်ကုသည် လက်နှက်မှောင်ခို လုပ်ငန်းအား မည်သူမှ မသိအောင် လုပ်ကိုင်နေခဲ့ပြီး လက်အောက်ငယ်သားအချို့ လက်သပ်မွေးထားတဲ့ gang အငယ်စားတစ်ခု ပိုင်ဆိုင်ခဲ့သည်။

ပြီးနောက် ဗိုလ်ချုပ်ကြီး၏ သမီးအား အမေရိကန်တွင်တွေ့၍ သူငယ်ချင်းအဖြစ်ပေါင်းကာ ဗိုလ်ချုပ်ကိုပါ ချည်းကပ်ပီး လက်ဆောင် ပဏာများ ပေးအပ်ခဲ့တာကြောင့် ယနေ့ထိ အန္တရာယ်ကင်းရသလို ယုံကြည်နေခဲ့သည်။

ဂျွန်ဆဲဟွန်းနဲ့ လီဟာနူးကို မတွေ့တွေ့အောင် ဆုံဆည်းခဲ့တော့ ရည်းစားတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့အထိပါ ပြင်ဆင်ခဲ့ကြသည်။ဗိုလ်ချုပ်က လက်ခံသည်မှာ ဂျွန်မင်ဂယူ၏ ကြွယ်ဝမှု အပြင် ဂျောင်ကုကြောင့် လည်း ပါသည်။

ဂျောင်ကုပို့ပေးလိုက်သည့် လက်ဆောင်မှာ ကမ္ဘာတစ်ဝှမ်းလုံး ၌ တစ်စီးသာထုတ်သော Limited edition နောက်ဆုံးပေါ် ကားတစ်စီးသာဖြစ်သည်။အခုလောက်ဆို ကားရူးသူ ဗိုလ်ချုပ်ကတော့ အတော်လေးကို ကြိုက်နေတော့မှာ။

တွေးနေရင်းက Taxi ကလေးဟာ ရပ်ပြီး ကားထဲမှ ချစ်ရသူက လှုပ်တုပ်တုပ်ဖြင့် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အိမ်လေးတည်ရှိရာ ကုန်းမြင့်ပေါ် တက်သည်။

My Señorita (Complete)Where stories live. Discover now