သူက ကျွန်တော့်ကို Señorita လို့ ခေါ်လေ့ရှ်ိတယ်။သူ့ရဲ့ *Señorita*တဲ့လေ...
သူငယ်ချင်းအချင်းချင်း *အချစ်ကလေး* ဆိုတဲ့စကားလုံးကို တွင်တွင် ခေါ်နေတာ ရိုးရောရိုးရဲ့လား Jungkook ရယ်။
ကျွန်တော်တို့က တစ်အိပ်ယာထဲအိပ်ကြတယ်။ထမင်းအတူတူစားကြတယ်။နောက်ဆုံး ရေအတူတူချိုးကြတယ်။
ဒါပေမဲ့ ချစ်သူလိုမချစ်ဘူးလို့ သူကပြောတယ်။
သူ့မှာလဲ ရည်းစားရှိတယ် ။ကျွန်တော့်မှာလဲရည်းစားရှိတယ်။ဒါပေမဲ့ ထိုရည်းစားတွေထက် ကျွန်တော်တို့ရဲ့ သံယောဇဉ်ကပိုနေပါတယ်။
သူက လူကြားထဲ ကျွန်တော့်နှုတ်ခမ်းတွေကို နမ်းရှိုက်တတ်သလို ကျွန်တော်ကလဲမတားမိဘူး။
Just Friend ? ဒါလဲမဟုတ်ပြန်ဘူး...
Jungkook ပြောဖူးတာတခုရှိတယ်။
"TaeHyung မင်းဘဝရဲ့ နေဝင်ချိန်ထိ ငါက အမြဲအတူရှိနေမှာပါ" တဲ့လေ။
ကျွန်တော်ငိုတယ်...ငိုနေတာ။
သူအိမ်ထောင်ပြုရတော့မယ်တဲ့။သူငယ်ချင်းတွေလေ...
ဘာလို့များ ဒီလောက်ထိ နှလုံးသားက နာကျင်နေရသလဲ။"အဆုံးရှုံးမခံနိုင်လိုက်ပုံများ မောင်ရယ်..."
အဲဒီ့နေ့က သူတို့ စေ့စပ်ပွဲမှာ ကျွန်တော်က Red Carnation လေးတွေဝယ်သွားဖြစ်တယ်။
"မင်းကြောင့် ငါ့နှလုံးသားလေး နာကျင်နေရပြီ" ဆိုတဲ့ အဓိပ္ပာယ်လေး မောင် သိများ သိပါလေစ။
******
စတွေ့ပုံက မညီမျှချင်း တွေက လာတယ်။
ကျွန်တော်အိမ်က ဆင်းရဲတော့ ထမင်းချိုင့်ပါတဲ့ရက်က ရှားတယ်။မေမေထည့်ပေးတဲ့ ကြက်ဥမွှေကြော်ရယ် ကင်ချီဟင်းရည်ရယ်ကပင် ကျွန်တော့်အတွက် နတ်စည်းစိမ်လို။
၁၂နှစ် အရွယ်မှာ ကျောင်းပြောင်းလာတဲ့ ဘူဆန်သားဟာ ချမ်းသာတဲ့ မိသားစုကဆိုတာ ကြားပေမဲ့ စိတ်မဝင်စား။ဆရာမ ဘာစာမေးမလဲ? ဒီလအဆင့်ဘယ်လောက်တက်မလဲသာ စိတ်ဝင်စားတဲ့ ကျွန်တော်က ကျောင်းသားသစ်ရောက်လာတာလဲ မော့မကြည့်ဖြစ်။
ESTÁS LEYENDO
My Señorita (Complete)
Fanfic"Red Carnation" ရဲ့ အဓိပ္ပာယ်က "မင်းကြောင့် ငါ့နှလုံးသားနာကျင်ရတယ်"တဲ့လေ...