ထိုမီးရောင်ဝါဝါ ထိန်လင်းနေတဲ့ လမ်းကလေးမှာ ကျွန်တော်ဟာ သူ့ကျောပေါ်မှာ။ ကလေးလေးတယောက်လို မျက်ရည်ဗလဘွနဲ့ပါပဲ။ကျွန်တော်ဟာ သူ့အပြောလေး တချို့မှာ ကျရှုံးပြီးရင် ကျရှုံးနေရပြန်ပါတယ်။
"ဘာစားချင်သေးလဲ ~အိမ်တန်းပြန်မှာလား"
"မင်း~ ငါ့အိမ်မလိုက်ခဲ့နဲ့"
ကျွန်တော် တမင်ပြောပစ်တာ။ဘုဂလန့်သူ့အပြောလေးတွေကြားချင်လို့ပါ ။ဒါပေမဲ့..
"အင်း မလိုက်တော့ဘူး"
အတည်ကြီးလား။ကျွန်တော်က တမင်ပြောလိုက်တာကို။
"ဂျောင်ကု~ဘာလို့မလိုက်တာလဲ"
"မင်းပဲ မလိုက်နဲ့ဆို"
"အရင်ကဆို ဇွတ်လေ။ငါက မလိုက်နဲ့ဆို မင်းဘယ်တုန်းက လက်ခံဖူးလို့လဲ"
"နောက်ဆို အကျင့်ပါသွားမှာစိုးလို့....ငါက ....အများကြီး အကျင့်ပါသွားလို့ မရတဲ့ ကောင်မို့လို့"
အိမ်နားရောက်ခါနှီးတော့ သူ့ကျောပေါ်က ကျွန်တော် ဆင်းလိုက်သည်။ပြီးနောက် သူ့ခါးတွေကို လက်လျှိုသွင်းကာ ဖက်လိုက်ပြီး။
"မောင်~ချစ်တယ်ဆိုတာအတည်ပြောခဲ့တာပါ။မောင်... ချစ်ချစ် မချစ်ချစ် ငါချစ်ပါတယ်"
သူက သက်ပြင်းချကာ ကျွန်တော့်ကျောပြင်တွေကို ပွတ်သပ်လာရင်း ပုခုံးထက် ခေါင်းတိုးဝင်သည်။
"ထယ်ယောင်း....ငါ ~ စေ့စပ်ရတော့မယ်"
ကျွန်တော်ဟာ ကမ်းစပ်တွင် လှိုင်းပုတ်ချိန်တင်ကျန်ခဲ့ရတဲ့ ရေနည်းငါးလေးပမာ သူ့စကားလုံးလေးတွေအောက် ငိုခြင်းချမိပြန်ပါတော့တယ်။
အဲ့လောက်ထိ ရက်စက်မှ ဖြစ်မှာလားမောင်။
"နောက်လထဲ စေ့စပ်ရတော့မယ်။မေမေ့ မိတ်ဆွေရဲ့ သမီးနဲ့။သူမက ငါ့ထက် ၃နှစ်ကြီးတယ်"
"ဂျောင်...ဂျောင်ကု မင်းက ၁၈တောင် မပြည့်သေးဘူးလေ။ဘယ်လိုလုပ်"
သူ့ရင်ခွင်ထဲထွက်ပြီး သူ့မျက်နှာလေးကို ကြည့်ပြီး ကျွန်တော်နှမျောမိတယ်။တချိန်ချိန် ဒီလိုဝေးရမယ်ဆိုတာ သိပေမဲ့ အရမ်းငယ်သေးတယ်မဟုတ်လား။
DU LIEST GERADE
My Señorita (Complete)
Fanfiction"Red Carnation" ရဲ့ အဓိပ္ပာယ်က "မင်းကြောင့် ငါ့နှလုံးသားနာကျင်ရတယ်"တဲ့လေ...