🚨 Warning
Company ရောက်တော့ ယောင်းက ပျော့ခွေကာ အိပ်ပျော်နေချေပြီ။ကျွန်တော့်ရဲ့ ကြမ်းတမ်းမှုကြောင့် ယောင်းတစ်ယောက် အတော်လေး ပင်ပန်းသွားပုံပါပဲ။ကားပေါ်ကနေအရင်ဆင်းကာ ယောင်းကို ပွေ့ချီ၍ Company ထဲဝင်လာခဲ့တော့ စပ်စုနေကြတဲ့ မျက်လုံးတွေ။
America ကနေ ပြန်ရောက်လာတဲ့ CEO အသစ်စက်စက်က မိမိုက်လွန်းလို့ အရင်ရက်တွေထဲက ကျူးနေကြတဲ့ ဝန်ထမ်းကောင်မလေးတွေတောင် မေးရိုးတွေ အောက်ပြုတ်ကျကုန်ရသည့်အဖြစ်။
ရင်ခွင်ထဲမှ ယောင်းရဲ့ ပုံစံက အညှာအတာကင်းမဲ့စွာ ချစ်ပစ်ချင်စရာကောင်းတဲ့ အထိ သိပ်လှနေတယ်။ဒါကို ကျွန်တော်တင်မက လူတိုင်းမြင်ကြမှာပင်။
ယောင်းမျက်နှာအား မမြင်အောင် ပို၍ တိုးဖက်လိုက်ပြီး Lift ရှိရာဆီသို့ လျှောက်လှမ်းတဲ့အခါ နောက်ပါးဆီမှ တိုးတိုးတိတ်တိတ် စကားသံများ ကျန်နေခဲ့ရ၏။
ရုံးခန်းတံခါးဖွင့်ပေးလာတဲ့ အတွင်းရေးမှုးက Taxiဖြင့် ရုံးကြိုရောက်နေပုံပဲ။သူ့မျက်နှာ နီနီအား စိုက်ကြည့်လိုက်တော့ ခေါင်းငုံ့သွားသည်။ယောင်းနဲ့ သူရဲ့ ဆက်ဆံရေးကို အခုမှ မျက်မြင် တွေ့လိုက်ရတော့ အံ့ဩတုန်လှုပ်နေတာလည်းဖြစ်မည်။
အတွင်းရေးမှုးက အသစ်ဖြစ်ပေမယ့် ဂျောင်ကု၏ အကြောင်းအရာအတော်များများကို သိသောသူဖြစ်သည်။ America မှာကထဲက မှောင်ခိုလောကဘက်တွင် ထားထားခဲ့တဲ့ တပည့်လည်းဖြစ်တာကြောင့် ယောင်းကို တော့ နာမည်အားဖြင့် ရင်းနှီးနေသည်။
သို့သော် ဂျောင်ကုရဲ့ သည်းသည်းလှုပ် စတိုင်ကိုတော့ အခုမှသာ မြင်ဖူးခြင်းဖြစ်သည်။
ယောင်းကို အလုပ်စားပွဲ ဘေးက ဧည့်သည်ထိုင်တဲ့ ဆိုဖာခုံအရှည်တွင် ချပေးနေတုန်း အတွင်းရေးမှုးဆောက အဆင်သင့် ရှိနေတဲ့ စောင်သဘက် တစ်ထည်ယူလာပေးသည်။ယောင်းရဲ့ ကိုယ်ပေါ် လွှားခြုံပေးပြီးနောက် ပါးအိအိလေးတွေအား ငုံ့နမ်းမိရင်း တစ်ကိုယ်တည်း ပြုံးလိုက်မိသည်အထိ။
"Boss လိုအပ်တာရှိရင် ခေါ်လိုက်နော် အပြင်ဘက် အခန်းမှာ အဆင်သင့်ရှိနေပါတယ်ခင်ဗျ"
DU LIEST GERADE
My Señorita (Complete)
Fanfiction"Red Carnation" ရဲ့ အဓိပ္ပာယ်က "မင်းကြောင့် ငါ့နှလုံးသားနာကျင်ရတယ်"တဲ့လေ...