jimin- ရား Kim Taehyung မထသေးဘူးလား ဒီနေ့ ပထမဆုံးကျောင်းတက်ရမှာလေ ထတော့ကွာ
Tae - အင်း...5 min later
jimin - Kim Taehyung! !!!!
Tae - ဘာလည်းကွာ ထပြီTae တယောက် အိပ်ချင်မှူးတူးနဲ့ ထပြီးမျက်နှာသစ် ရေချိုးပြီး ထမင်းစားခန်းထဲကို ထွက်လာတော့ မနက်စာ က အဆင်သင့်ပေ
jimin - Tae ငါပြောစရာရှိတယ် 😁
Tae - အဲ့ရုပ်က ဘာဖြစ်နေတာလည်း ပုံမှန်ပြောစမ်းပါ
jimin - ငါတို့က 13 နှစ်ကြာမှ အမိမြေ ကိုရီးယားကို ပြန်လာရတာလေ
Tae - အင်း
jimin - အဲ့တော့လေ ဂျပန်ကို စောစော မပြန်ချင်ဘူးလို့Tae စားနေရာကနေ မျက်လုံးတချက် လှန်ကြည့်လိုက်မိတယ် jimin ကတော့ သွားကြီးကို ဖြီးပြီး အသနားခံနေတယ် Tae ကတော့ jimin ကို
တချက်ကြည့်ပြီးစားစရာ ရှိတာပြန်စားနေတော့တယ်jimin - Tae ကတိပေးလေ ငါကို အေးဆေးနေပါမယ်လို့ ငါတို့ နိုင်ငံတော်တော်များများမှာလည်း ကျောင်းတက်ဘူးတယ် ဂျပန်မှာဆိုလည်း မင်းဒေါသ မထိန်းနိုင်လို့ ပြောင်းစရာ ကျောင်းတောင် မရှိတော့ လို့ ခု ကိုရီးယားကို ပြန်ရောက်လာရပြီလေ နော်လို့ ကတိပေးနော်
Tae - အဲ့လိုပြောင်းတော့ မင်းရည်းစားများကြီးထားရတယ် မဟုတ်ဘူးလား
jimin - ရား ဟေ့ရောင် ငါကတယောက်ဆို တယောက်ပဲ ထားချင်တာ မင်းကြောင့် ကျောင်းတွေ ခဏခဏ ပြောင်းရတော့ ငါ က တယောက်ပြီးတယောက် ဖြစ်သွားတာTae - သြော်...
jimin - မင်းစကား လမ်းကြောင်းမလွှဲနဲ့ ငါ့ကို ကတိပေး မဟုတ်ရင် Daddy က ဂျပန်ပြန်လာခိုင်းမှာ
Tae - အေးပါကွာ စကားအရမ်းများတယ် ကောင်းကောင်းကို မစားရဘူး ပြောလို့ပြီးပြီလား သွားမယ်jimin - မင်းကလည်း 😁
jimin pov. ကျွန်တော်က ပျော်ပျော်နေတက်သလောက် Tae က တော့ ကိစ္စအားလုံးက သူ့အပေါ်မှာပဲ အမြဲ ရောက်ရောက်နေတယ် အဲ့တာတွေကြောင့် Tae က အနေအေးတယ် သွေးအေးတယ်လို့ပြောရမယ်
ကျွန်တော် ကို တော့ အရမ်းချစ်တယ် ကျွန်တော် ကလည်း Tae ကိုပဲ ဘာလေးဖြစ်ဖြစ် အားကိုးတယ် အရမ်းချစ်ကြတဲ့ ညီကို မကျ သူငယ်ချင်း မကျပေါ့ ဗျာ
