ဘာလိုလိုနဲ့ ကျောင်းတက်တာတောင် တလ ရှိပြီ
ကျောင်းမှာတော့ jimin က အတန်းထဲက ရှိတဲ့လူ အပြင်ကို အခြားအတန်း ကလူတွေပါ သူနဲ့ မခင်တဲ့သူတွေမရှိသလောက်ကိုပဲ သူကိုကြိုက်လို့ ပေါင်းတဲ့ သူတွေ ရှိသလို ကျွန်တော်ကို ကပ်ချင်လို့ပေါင်းတဲ့သူတွေလည်း ရှိတယ်jimin ဆိုတာကလေ အစားသာပေးလို့ကတော့ သူ့အချစ်ဆုံး သူငယ်ချင်း ကျွန်တော်ကိုပါ ရောင်းစားမယ့် အကောင်မျိုး.
ကျွန်တော်က အဲ့လိုပြောရင် သူကပြောသေး ငါကအဲ့လိုလုပ်စရာလား ငါ့မှာမင်းတယောက်ပဲ ရှိတာဆိုပြီး ဘီလူးရုပ်နဲ့ ချွဲသေးတာ
အဲ့တာတွေကြောင့် ပဲ ကျွန်တော်ကလည်း စိတ်မဆိုးရက်ပါဘူးလေ ဒါပေမဲ့ အခန်းထဲမှာ သူ့နဲ့မခင်တဲ့ နှစ်ယောက်ရှိတယ် ကျွန်တော်ကတော့ ဘယ်သူကိုမှ စိတ်မဝင်စားပေမယ့် သူကတော့ အဲ့နှစ်ယောက်အကြောင်း ကျွန်တော်ကို ခဏခဏလာပြောတယ်
သူပြောလည်း ပြောချင်စရာပါ တယောက်က အတန်းခေါင်းဆောင်ဆိုပေမယ့် ဆရာမတွေခိုင်းတာလောက်ပဲ ကျန်တဲ့အချိန် စာပဲ လုပ်နေတာတွေ့တယ် နောက်တယောက်က ထမင်းစားချိန်မှ မျက်နာမြင်ရတယ် ကျန်တဲ့ ချိန်ဆို အိပ်နေရော ပဲ
....Jimin - ဟေ့ရောင် နေတိုင်းကျောင်းသွားဖို့ နိုးရ မနက်စာ လုပ်ပေးရနဲ့ အဆင်ပြေမနေဘူးနော် Kim Taehyung
Tae - မလုပ်နဲ့ပေါ့
jimin - ငါသာ မလုပ်ပေးရင် မင်းကျောင်းတောင်ရောက်မှာ မဟုတ်ဘူး
Tae - မရောက်ရင် မသွားဘူးပေါ့ လာပါကွာ အဘိုးကြီးကြနေတာပဲ သွားမယ်
jimin - မနေ့က Daddy ဖုန်းဆက်တာ ဘာကိစ္စလည်းကားဂိတ်ကို လမ်းလျှောက်လာရင် Jimin အမေးကြောင့် မနေ့က Daddy ပြောတာ သတိရမိသွားတယ်
Tae pov.
Butterfly.... like a butterflyTae - nae
Daddy - V အဆင်ပြေလား
Tae - nae
Daddy - သတိနဲ့နေ ဒီမှာ မင်းမကြောင်းတွေ လိုက်စုံစမ်းနေတယ်လို့ သတင်းရတယ်
Tae - nae
Daddy - ဒီက ပုံစံတိုင်း မင်းနေလ်ို့ မဖြစ်ဘူး
Tae - nae
Daddy - ငါပြောတာ နားလည်တယ် မဟုတ်လား
Tae - naeTae ဖုန်းပြောပြီးတာနဲ့ ဖုန်းချလိုက်ပြီး sofa ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိတော့တယ် ခေါင်းထဲလည်း အတွေးအစ တွေနဲ့ပေါ့