part 30
ကျွန်တော် တို့ဂိုဏ်းလည်း ဖြတ်သိမ်းလိုက်ပြီ အခုဆို ကျွန်တော် ကုမ္မဏီကို ကျွန်တော် ဦးစီးလာတာ 3 နှစ် ရှိပြီ Daddy ရှိတုံးက သူက ငွေမဲ ဘက်က်ို အားသန်တယ်လေ.
အဲ့တော့ ကုမ္မဏီ က ဟန်ဆောင်ပန်ဆောင်ဖွင့်ထားတာ. အခု ကျွန်တော်က တော့ အဲ့ ကုမ္မဏီ ကိုပဲ သေချာဦးစီးလိုက်တော့ ကျွန်တော် ကုမ္မဏီက ဂျပန်နိုင်ငံမှာဆို Top 5 စာရင်းဝင်နေပြီ.
ကျွန်တော် 3 နှစ်လုံးလုံး အလုပ်ထဲ ပဲ စိတ်ထည့်ပြီး ကြိုးစား ခဲ့တဲ့ ရလဒ်တခုပေါ့ ဗျာ.ကျွန်တော် ဘေးကနေ ကူညီပေးတဲ့ ကျွန်တော်ရဲ့ အကို Nanjoon နဲ့ jin သူတိူ့ရှိလို့လည်း ကျွန်တော်ဒီနေရာ ကို ရောက်လာခဲ့တာပဲ .
...
3 နှစ် ဟုတ်တယ် 3 နှစ်တောင်ရှိပြီ Tae ထွက်သွားတာ ဒါပေမဲ့ ဗျာ ကျွန်တော် အခုထိ လက်မခံနိုင်သေးဘူး. ကျွန်တော် မေ့လို့ရအောင် အလုပ်တွေပဲ နှင်းကန်လုပ်နေမိတာ.3 နှစ်တောင် ရှိသွားပြီ. yg နဲ့ jimin က လက်ထက်ပြီးလို့ ကလေးလေးတောင်မွေးစားထားတယ်. ကျွန်တော် ကတော့ ခုချိန်ထိ Tae ထားခဲ့တဲ့ ေနရာမှာပဲ ရပ်စောင့်နေမိတယ်.
တကယ်ပါ Tae က ကျွန်တော့အတွက် အချစ်ဦး လည်း ဖြစ်တယ် အချစ်ဆုံး လည်း ဖြစ်သလို နောက်ဆုံး အချစ်ဆိုလည်း မှန်တယ်. တခါတခါ အပြင်သွားရင် အညိုရောင် ဝမ်းဆက် ဝတ်ထားတဲ့ ကောင်လေးတွေ မြင်ရင် လိုက်ကြည့်မိတယ် Tae များဖြစ်နေမလားလို့.
ကျွန်တော် Tae က အညို ရောင်လေးဝတ်ထားရင် ဝတ်ဝံလေးကျနေတာပဲ အရမ်းချစ်ဖို့ကောင်းတယ်
.....
NJ - မင်းတကယ် သွားမှာလား
V - အင်း
Jin - ငါတို့ပါလိုက်ရမှာပေါ့
V - အင်း
NJ - ဒီက ကုမ္မဏီ ကရော
V - Bang Papa နဲ့ ထားခဲ့မှာပေါ့
NJ - မပြောတော့ဘူး
V - 😁
jin - အဲ့လိုမျိုး အမြဲရယ် ပြနေ သိလား ငါတို့နှစ်ယောက် က မလိုက်ရောပဲ မနေနိုင်ဘူး ဟွန့်
....
korea
ကျွန်တော် ရင်တွေ အရမ်းခုန်နေတယ် ကျွန်တော် ချစ်သူရှိရာ ကျွန်တော်ရဲ့ မွေးရက်မြေ ဒုတိယ အကြိမ် ပြန်လာရပြီ.တခုပဲ တခုပဲ ကျွန်တော် အကြောက်ဆုံးက Jeon တယောက်ထဲ မဟုတ်မှာပဲ. ကျွန်တော် Jeon အကြောင်းကို မစုံစမ်းမိတာ ကျွန်တော် ဂျပန်ရောက် ကတည်းကပေါ့ ခုဆို 3 နှစ်ကြာပြီလေ.