အဲ့လိုနဲ့ Tae တို့နှစ်ယောက် ဂျပန်ပြည်ကို ထိုလူကြီးနဲ့ တူတူ ပါလာခဲ့ကြတယ် ငယ်ငယ်က ပျော်ရွင်စွာနေလာခဲ့ရသလောက် အသက် 13 နှစ်အရွယ်က စပြီး Tae လေးက အရင်ကထက် ပိုပြီးသွေးအေးလာတယ်ဘာလို့ဆို သူတို့ကိုမွေးစားခဲ့တဲ့ ဂျပန်လူမျိုး လူကြီး က ဂျပန်နိုင်ငံရဲ့ အကြီးဆုံး mafia ခေါင်းဆောင် (ကာကာမိုတို အီချီမီ ) မို့လို့ပဲ ဂျပန်နိုင်ငံရဲ့ Top 1 သူဋ္ဌေးတယောက် အဖြစ် လည်း နာမည်ကြီးသလို.ဂိုဏ်းပေါင်းစုံ ကို အုပ်ချုပ်တဲ့ ဆရာ တဆူ အဖြစ်လည်း နာမည်ကြီးတယ်
တိုက်ရေးခိုက်ရေး မှာလည်း သူများထက် သွက်သလို စီးပွားရေးမှာလည်း သူများထက် ခေါင်းတလုံးပိုပါသလားတောင်ထင်ရအောင် ဉာဏ်ပြေးသူ ထိုလူတယောက်ရဲ့ လက်ထက် သင်ကြားမှုတွေကြောင့် Kim V ဆိုပြီး Tae လေးကလည်း ညာလက်ရုန်းပီပီ အသက် 13 နှစ်အရွယ်ကောင်လေးကို တော် ယုံ ဘယ်သူမှ မယှဥ်နိုင်လောက်အောင်ကို ပါးနှပ်သွက်လပ် အေးဆေးလွန်းနေတယ်
အရယ်အမော အပြုံး တချက်မရှိတဲ့ ထိုကောင်လေးမှာ သူအရမ်းချစ်ရတဲ့ သူငယ်ချင်းလေး jimin ရှိတယ် ထိုကောင်လေးရှေ့ရောက်သွားရင်တော့ လေးထောင့်ဆန်ဆန် အပြုံးလေးတွေကို တွေ့ရပါလိမ့်မယ် 😁
Tae pov.Kim V အဖြစ်နဲ့ Daddy စိတ်တိုင်းကျ နေလာခဲ့တာ ကျွန်တော် 10 နှစ်သားလောက်ထဲကပေါ့ ကျွန်တော် အရွယ်နဲ့မလိုက်အောင် အတိုက်အခိုက်မျိုးစုံကို သင်ကြားခဲ့ရတယ်
ဒါပေမဲ့လည်း အဲ့တာတွေကို ကျွန်တော်သဘောကျတယ် အထူးသဖြင့် သေနတ်ပစ်ရတာကို ပိုသဘော ကျတယ် အခု ကျွန်တော် အသက် 15 ရှိပြီ ကျွန်တော် လူတော်တော်များများသက်ပြီးပြီး ကျွန်တော် ဒဏ်ရာတွေလည်း ရဘူးပြီးပြီ
ကျွန်တော်က လူတယောက်သက်ခါနီးရင် ရုပ်ရှင်တွေထဲကလို ရန်သူကို စကားများများပေးပြောလေ့မရှိဘူး သူ့ကို သက်မိန့်ပေးထားပြီးသားဆို တခါထဲ ရှင်းပြစ်လိုက်တယ်
ရန်သူရဲ့ ဆဲရေးတိုင်းထွာတာတွေ ကျွန်တော် နားထောင် ဖို့အချိန်မရှိသလို နားလည်းမထောင်ချင်ဘူး ဒါကြောင့် တခါထဲရှင်းပစ်လိုက်တာ