Tae တယောက် အိမ်မှာ အဝတ်အစား ပြန်လဲကာ ယူစရာရှိတာ ယူပြီး club တခါကို ထွက်လာခဲ့တော့တယ် ထိုလူရှိမဲ့ နေရာ ကို Daddy က ပို့ပေးပြီးသားဆိုတော့ ရှာစရာတော့မလိုဘူးပေါ့သူဒီနေ့ရှင်းရ မှာက လွယ်ပါတယ် သူတို့ ဂျပန်က ဂိုဏ်းကို သစ္စာ ဖောက်ပြီး သူဓာတ်ပုံ အချို့ကို အခြားဂိုဏ်း ကို ရောင်းစားလိုက်တဲ့ သစ္စာဖောက် ခုတောင် သူ့အကြောင်း ထက်စုံစမ်းဖို့ korea ကို ရောက်လာတာ ဒါကို Daddy က လက်ဦးသွားလို့ ကျွန်တော့စီ အကြောင်းကြားတော့ ကျွန်တော် ကိုယ်တိုင် ရှင်းဖို့ဖြစ်လာတော့တယ်
ဒီတခါက korea မှာ ပထမဆုံး စလုပ်တဲ့ အလုပ်ပဲ Tae တယောက် club ထဲ ဝင်မယ့်အချိန်
security - ညီလေး မှတ်ပုံတင်လေးပြပါလား
Tae - ဘာလို့လည်း
security - အသက်မပြည့်ရင် ဝင်လို့မရဘူး မင်း အထက်တန်းကျောင်းသားလား
Tae - ရော့ ဒီမှာ ကျွန်တော့ အသက် 25
security. - မင်းက ကျောင်းသားလေး ကျနေတာပဲ
Tae - 😏တကယ်တော့ အဲ့တာ မှတ်ပုံတင် အတုပါ အဲ့တာကလည်း Daddy လုပ်ပေးထားတာ ဒီလိုတွေ ဝင်ချင်တိုင်းဝင်လို့ရအောင်ပေါ့ club ထဲ ရောက်တော့ အရက်ကောင်တာမှ အရက်တခွက် မှာပြီး club ထဲ က သီချင်းသံကို ခံစားချင်ယောင်ဆောင်ခါ ဟိုလူကို ရှာဖို့ မျက်လုံးကစားနေလိုက်တယ်
တွေ့ပါပြီ Toilet သွားတဲ့ ဘက် ထောင့်တနေရာမှာ ဦးထုပ် ငိုက်ဆိုက် စောင်းပြီး အရက်ထိုင်သောက်နေတယ် Tae က mask တပ်ထားတော့ ထိုလူက Tae ကို မသိ
Tae လည်း ချက်ချင်းပင် ဟိုလူနားကို လျှောက်သွားလိုက်ပြီး ဘောင်းဘီ အိတ် နှိပ်သလိုနဲ့ ဘောင်းဘီ အိတ်ထဲက ဘောပင် ပုံစံ
ဆေးထိုးအပ်ကို အဆင်သင့်ကိုင်ထားလိုက်တယ် (ဘောပင်ပုံစံက တချက်နှိပ်ရင် ဘောပင်ထွက်လာပြီး နောက်တချက် နှိပ်ရင် ဘောပင်ပြန်ဝင်သွားတယ်) လူနား အရောင် ထိုလူရဲ့ လည်ပင်းကို တချက်ထဲ ထိုးထည့်လိုက်တယ်.
စက္ကန့် ပိုင်းလောက်နဲ့ ကို လှုပ်ရှားသွားတာ ဘယ်သူမှတောင်မသိလိုက်ဘူး ထိုလူလည်း ချက်ချင်း ခုံပေါ်ကို ခေါင်းငိုက်ပြုတ်ကျသွားတယ် အခြား လူတွေကတော့ မှုးပြီးမှောက်နေတယ်ပဲ ထင်မှာ Tae တယောက် ဟန်မပျက် Toilet ထဲ ဝင်ပြီး ပြန်ထွက်လာလိုက်တော့တယ်