☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 6 )" ဟဲ့.... ဟဲ့ ဟိုမှာ ခေါင်ယံမှိုင်းတို့ ဒီကို
ဘာလာလုပ်တာလဲ မသိဘူး.... "" ချောလိုက်တာဟယ် ခေါင်က..... "
" ကြည့်ရတာ ငါ့ဆီ လာတာနေမှာ "
" ခြားနား ရော သွေးသစ်လေးကရော
ချောလိုက်တာ..... ခေါင်မရမှတော့ သူတို့
နှစ်ယောက်ပေါ့ ....ဒါနဲ့ သူတို့ နောက်မှာ
တခြားမိန်းကလေးတွေပါ ပါနေတယ်
ဘာလုပ်ဖို့လဲ မသိဘူး "အတန်းထဲက ပွက်လောက်ရိုက်နေတဲ့ စကားသံ
တွေကို ဖြူဖြူ လျစ်လျူရှူပြီး ဆရာမ white
board မှာ ရေးနေတဲ့ စာကိုသာ ဆက်ကူး
နေလိုက်သည်။ တီချယ် ကလည်း အတန်းထဲက
လူတွေရဲ့ တစ်ယောက် တစ်ပေါက်ပြောသံကို
လျစ်လျူရှူထားပြီး စာရေးနေလေသည်။" တီချယ် ဝင်ခွင့်ပြုပါ "
လက်ညိုးလေး ထောင်ကာ ခေါင်တို့ အဖွဲ့နဲ့
လိုက်လာတဲ့ ကောင်မလေး ရဲ့ အသံကြောင့်
white board ပေါ်မှာ ရေးနေတာကို
ဆရာမက ချက်ချင်း ရပ်ပစ်လိုက်သည်။" လာလေ.. သမီးတို့ "
" ဒီလိုပါ တီချယ် သမီးတို့ Physics
မေဂျာ Welcome အတွက်
ဒီအခန်းထဲက first year လေးကို
king queen ပြိုင်ပွဲအတွက် စာရင်း
ကောက်ချင်လို့ပါ "" ဪ သမီး... ဒါဆို ကောက်လေ "
" ဟုတ် ကျေးဇူးတင်ပါတယ် တီချယ် "
ခေါင်ယံမှိုင်း တို့နဲ့ ပါလာတဲ့ ကောင်မလေး
သုံးယောက်က ပထမနှစ် physics လေး
တွေကို တစ်ချက်ကြည့်ကာ.. ..." ကလေးတို့ရေ အစ်မတို့က ဒုတိယနှစ်
physics A ခန်းကပါ....အခု အစ်မတို့
မေဂျာက ပထမနှစ်ကလေးတွေကို ကြိုဆိုတဲ့
မေဂျာ Welcome ရှိပါတယ် ...အဲ့ဒါ ဘယ်သူကများ
ဒီ Welcome မှာ king queen selection
ပါချင်လဲ မသိဘူး....ပါချင်ရင် အစ်မဆီမှာ
စာရင်းလာပေးလို့ ရပါတယ်နော် "" ဟုတ် အစ်မ... ညီမလေး ပါမယ်
ဒါနဲ့ ပွဲနေ့ကျရင် အစ်ကိုခေါင်ကရော
ပါမှာမလားဟင် "" ပါမယ် ညီမလေး....ဒါပေမဲ့ ပြိုင်မယ့်လူအနေနဲ့တော့
မဟုတ်ဘူး....ခေါင်က မနှစ်က the whole
king ဆုရထားတယ်လေ....ဒီအတွက်
ညီမလေးတို့ကို ဆုပေးရင် ခေါင်က လာပေးမှာ "

STAI LEGGENDO
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Storie d'amoreအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...