☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 60 )အတန်းထဲ စိတ်ချရပြီဆိုမှ ခေါင်ယံမှိုင်း ကို
ဖြူဖြူ သွားခိုင်းလိုက်သည်။ ဒါတောင်
ခေါင်ယံမှိုင်း က မသွားချင်နဲ့ ပေ။" နင့်က ဒွိလိင်လားဟင် ဖြူဖြူ "
ခေါင်ယံမှိုင်း ထွက်သွားမှ မေးလာသော ဖြူဖြူ
သူငယ်ချင်း ထက်ထက်။
အမှန်တရားကို သိနေမှတော့ ဖြူဖြူ
ဝန်ခံလိုက်ဖို့ပဲ ရှိတော့သည်။" ဟုတ်တယ် ငါ့က ဒွိလိင်ပဲ ထက်ထက်..
နင် ငါ့ကို ဆက်မခင်ချင်လည်း ရတယ်
ဘာမှ မဖြစ်ဘူး... တစ်ခုပဲ ငါ့ကြောင့်
မာသာ သေတယ်ဆိုပြီးတော့ မပြောပါနဲ့
ငါ မခံစားနိုင်လို့ပါ.. ဘာလို့ဆို နင့်က
ငါ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေလို့
နင့်ကပါ အဲ့ဒီလို ပြောရင် ငါ အရမ်းခံစား
ရတယ်.... "" ငါ အဲ့ဒီလို မပြောပါဘူး ဒါပေမဲ့ ရုတ်တရက်
ဆိုတော့ ငါ အံ့ဩသွားလို့ပါ...
ငါရဲ့ သိမ်ငယ်ရတဲ့အချိန်တွေမှာ နင်က
အမြဲ ဘေးကနေ ရှိပြီး အားပေးခဲ့တယ်
ဒါ့ကို ငါ့က နင့်ကို ပစ်သွားစရာလား ဖြူဖြူ..
နင်ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ နင့်က
ငါ့အတွက်တော့ လွန်ကြိုးဖြူဖြူ ဆိုတဲ့
သူငယ်ချင်းပဲ အဲ့ဒါ ဘယ်တော့မှ
ပြောင်းလဲမသွားဘူး "ထင်မှတ်မထားပါ။ ထက်ထက် ဖြူဖြူ ကို
အခုလို လက်ခံပေးမယ်လို့။
ရင်ထဲလည်း အရမ်းဝမ်းသာ ပီတိဖြစ်မိသည်။" ကျေးဇူးပါ ထက်ထက်...တကယ်
ကျေးဇူးတင်ပါတယ် "လူက အရမ်းဝမ်းသာပြီးတော့
ကျေးဇူးတင်ရုံကလွဲပြီး တခြား ပြောဖို့ရာ
ဘာမှ မထွက်တော့။ အံ့ဩဖို့လည်း ကောင်းပါတယ်
ဖြူဖြူ ခင်တဲ့လူတွေက ဖြူဖြူ ကို ပစ်
မသွားကြဘူး။ ဒါ့ကို မာသာ သာ သိရင်
ဖြူဖြူ အတွက် သိပ်ကို ပျော်နေမှာ။" ရော့ ဒီမှာ နင် ကျောင်းမလာတုန်းက
စာတွေ...ငါ ကူးပေးရမလား ဖြူဖြူ "စာအုပ်တွေ ထုတ်ကာ ဆိုလာသော ထက်ထက်
ကို ဖြူဖြူ ခေါင်းရမ်းပြလိုက်မိသည်။မာသာ သာ ကိုယ့် အားကိုယ် မကိုးဘဲ
သူများကို ကူးခိုင်းတာသိရင် ဖြူဖြူ ကို
ဆူနေမှာ သေချာပေါက်ပေ။
STAI LEGGENDO
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Storie d'amoreအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...