☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 7 )ဆေးရုံမှာ ဆေးထည့်ပေးပြီးသွားတော့ ဖြူဖြူ
တို့ ပြန်ဖို့အတွက် ကားထဲကို ရောက်နေပြီလေ။
ဖြူဖြူ စက်ဘီးလေးကိုလည်း သူ့က
ကားနောက်ခန်းထဲ ထည့်ထားသည်။ဖြူဖြူ မှာ ဖုန်းနာရီကို ကြည့်ပြီး မာသာ
နဲ့ ထွေးထွေး စိတ်ပူမှာ အရမ်းကြောက်နေမိသည်။
အခုကိုက လေးနာရီရှိသွားပြီလေ။" တီ.. ..တီ..... တီ...!! "
"..........."
" ဘာ....!! ကောင်းပြီလေ အဲ့ဒီကောင်က
စိန်ခေါ်တယ်ဆိုမှတော့ ငါ လာခဲ့ရမှာပေါ့....
ငါလည်း မပြိုင်ရတာ အတော်ကြာနေပြီလေ "ဖုန်းလာပြီး တစ်ဖက်က ဘာပြောလိုက်တယ်မသိ၊
သူ့ မျက်နှာက မာကြောသွားလေသည်။" မင်း ဘယ်သွားမလို့လဲ ခေါင်ယံမှိုင်း..
ငါ မလိုက်ဘူးနော်..!! "ကားလီဘာကို အသားကုန် မောင်းတင်လိုက်၍
ဖြူဖြူ မလိုက်ဘူးဟု ပြောပစ်လိုက်သည်။ထိုအခါ ကြည့်လာသော သူ့ မျက်ဝန်းတွေက
အလိုမကျဖြစ်လို့ သွား၏ ။" ခင်ဗျား အကြည့်ကို ပြင်စမ်း ဒေါ်ဖြူဖြူ..!!
ကျုပ်ကို အဲ့ဒီ အကြည့်နဲ့ မကြည့်နဲ့..!! "မလိုက်ဘူးကို ကောင်းကောင်းမပြောဘဲ
ဒေါ်ဖြူဖြူ အကြည့်တွေက သူ့ကို အထင်သေး
စွာ ကြည့်နေ၍ ထွက်နေတဲ့ ဒေါသက
ပိုပြီးထွက်သွားရသည်။စကားတွေ မာသွားလည်း မတတ်နိုင်ပါ။
စကားကို သူ ဒီလိုပဲ ပြောတတ်တာလေ။ဒေါ်ဖြူဖြူ က အတော်ရယ်စရာကောင်းတာပဲ။
သူ့ကို ဘာလုပ်မှာ ကြောက်ပြီး လူ့ကို
အထင်သေးသလို ကြည့်နေရတာတုန်း။
သူ့ကလည်း အဲ့ဒီလို ကြည့်လေ ပိုပြီး အရွဲ့
တိုက်ချင်လေပင်။ကားကို လီဘာဒီထက် အရှိန်ပိုတင်လိုက်ပြီး
ဂေဟာလိုက်ပို့ပေးမယ့် သူ့ စိတ်ကူးတွေက
ကြက်ပျောက်ငှက်ပျောက်။ မလိုက်ချင်ဘူး
ဆိုမှတော့ အရွဲ့တိုက်ပြီး ခေါ်ကို ခေါ်လာအုံးမည်။" ခေါင်ယံမှိုင်း ငါ မလိုက်ဘူးလို့ ပြောနေတယ်နော်...
အခုချက်ချင်း ကားကို ရပ်ပေး.. !! "
ESTÁS LEYENDO
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...