☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 56 )" ဘယ်မှ မလည်တော့ဘူးပေါ့ ဒေါ်ဖြူဖြူ "
" အင်း မလည်တော့ဘူး မာသာတို့
စောင့်နေပြီလေ "မနေ့က မာသာကြီးတို့ဆီက ဖုန်းလာတာနဲ့
ချက်ချင်း ပြန်မယ်ပြောလာသော သူ့
ဒေါ်ဖြူဖြူ။သူ့မှာတော့ ပြင်ဦးလွင် မှာ အကြာကြီး
နေမယ်လို့ တွေးထားတာကို ဒေါ်ဖြူဖြူ
လုပ်ပုံနဲ့တော့ သွားပါပြီ။" မောင်ကတော့ စပျစ်ခြံကို ဝင်ချင်သေးတယ်
ဒေါ်ဖြူဖြူ... အဲ့ဒီခြံက မောင့် အပိုင်
ပြင်ဦးလွင် ရောက်တုန်းလေး အဲ့ဒီသွား
ချင်သေးတယ် "ပြန်ဖို့ အကုန်လုံး ကားပေါ် ရောက်ပြီဆိုခါမှ
ကားမမောင်းသေးဘဲ ဖြူဖြူ ကို စကားတွေ
ပေရှည်နေတဲ့ မောင့်က လတ်စသတ်တော့
စပျစ်ခြံကို ဝင်ချင်နေတာတဲ့။" နော်...နော် မောင့် ဒေါ်ဖြူဖြူလေး
မောင်တို့ စပျစ်ခြံ သွားရအောင်နော်
ဒါပြီးရင် အိမ်ပြန်ကြမယ်လေ "" သေချာတယ်နော် "
" သေချာပါတယ် ဒေါ်ဖြူဖြူ ကလည်း
မောင့်က အပြောနဲ့ အလုပ်နဲ့ ပြတ်တယ်
စကားကို နှစ်ခွန်းမပြောတတ်ဘူး
ဟုတ်တယ်နော် နောက်ခန်းက လင်နှစ်လင်..!! "" ဟုတ်တယ်...ဟုတ်တယ်မဖြူဖြူ
ခေါင်ကြီးက ကတိတည်တယ်
သူ မတည်ရင် ကျတော် လည်ကို ဖြတ်ပစ်လိုက်"" ကျတော်လည်း ထောက်ခံတယ် မဖြူ "
သွားချင်တယ် မသွားချင်တယ် နောက်ခန်းက
သွေးသစ်တို့ အတွဲပါ ခေါင်းတွေငြိမ့်ကာ
ထောက်ခံလာကြသည်။ဒီတော့ ဖြူဖြူ ဘာတတ်နိုင်မလည်း
သူတို့ အလိုကျပေါ့။" မင်း သဘော ခေါင်ယံမှိုင်း ..မောင်းတော့လေ "
" ဘာ.. မင်း သဘောလဲ ဒေါ်ဖြူဖြူ..
မောင့် သဘောလို့ ခင်ဗျား ပြောရမှာလေ..
ဘာလဲ မောင် ခင်ဗျား နှုတ်ခမ်းလေးကို
အပြစ်ပေးမှနဲ့ တူတယ် "" မောင်... မောင် ဟုတ်ပြီနော် "
ခေါင် အနားကို တိုးလာလိုက်မှ ဒေါ်ဖြူဖြူ
ဆီက မောင်ဆိုတဲ့ နာမ်စားလေး
ထွက်လို့လာသည်။ ခေါင် သိတာပေါ့
သူ့ ဒေါ်ဖြူဖြူ က လူရှေ့ နမ်းလိုက်ရင်
တအားရှက်တတ်တာ။
![](https://img.wattpad.com/cover/326555877-288-k234929.jpg)
أنت تقرأ
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
عاطفيةအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...