☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 69 )" ကိုယ့် အပြစ်ကိုယ် သိတယ်နော် မောင်
မောင် လုပ်လို့ မိုက်ကယ် ကြိုက်နေတဲ့
ကောင်မလေးရဲ့ အဖေ လက်ကျိုးသွားတာ "လွန်ကြိုးဖြူဖြူ ပြောတာကို ပြန်မဖြေဘဲ
ငြိမ်သက်နေသော ခေါင်ယံမှိုင်း ပုံစံက
မှားတာကို ဝန်ခံနေသည့်အလား။ဦးနေယံ၊ ဒေါ်ဆုမြတ်ရှင်၊ ခြားနား၊ သွေးသစ်
၊ မိုက်ကယ် နဲ့ ခေါင်ယံမှိုင်းတို့ရဲ့ ကလေး
နှစ်ယောက်ကပါ ဘေးကနေ ငြိမ်သက်စွာ
နဲ့ ကြည့်နေကြသည်။" မောင် ဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ...??
အခု ငွေပေးလို့ ပြီးသွားပြီဆိုပေမဲ့
တစ်ဖက်လူက မောင်ကြောင့် ဆေးရုံ
တက်နေရပြီ... "" ဒယ်ဒီ မမှားပါဘူး မာမီ.. .အဲ့ဒီ အဖိုးကြီးက
ပိုးငယ်တို့ကို လုပ်မှာစိုးလို့  ဒယ်ဒီက
လက်လိမ်ချိုးလိုက်တာ "" သမီးကို မာမီ မေးနေတာ မဟုတ်ဘူး
ဝင်မပါနဲ့ ပိုးလွန်းငယ် "မိခင်ရဲ့ စကားကြောင့် ပိုးလွန်းငယ် မှာ
အသံမထွက်ရဲဘဲ မဲ့တဲ့တဲ့လေးဖြစ်သွားလေသည်။
ထိုအချိန် ဆယ့်နှစ်နှစ်အရွယ်
မြတ်ဘုန်းခေါင် မှာ မနေသာတော့ဘဲ...." ဒီကိစ္စမှာ သားမှားတာပါ မာမီ ...
သားသာ ဦးမိုက်ကယ် ကြိုက်နေတဲ့
ကောင်မလေးရဲ့ အိမ်မှာ သီချင်းဆိုဖို့
အကြံမပေးခဲ့ရင် အခုလို ဖြစ်မှာ
မဟုတ်ဘူး... ဒါဆို ဒယ်ဒီလည်း
ဟိုဦးလေးကြီးကို လက်လိမ်ချိုးမိမှာ
မဟုတ်ဘူး ...ဒါကြောင့် မာမီ အပြစ်
ပေးချင်ရင် သားကိုပဲ ပေးပါ "" ဟင့်အင်း ဘုန်းခေါင်ကြောင့် မဟုတ်ဘူး
မာမီ.. ပိုးငယ်ကြောင့်..!! ပိုးငယ်သာ
အဲ့ဒီအဖိုးကြီးကို ရန်မစခဲ့ရင် အခုလို
ဖြစ်မှာမဟုတ်ဘူး မာမီ အပြစ်ပေးချင်ရင်
ဘုန်းခေါင် ကို မပေးနဲ့ ပိုးငယ် ကိုပဲပေး "" ကိုကိုလို့ ခေါ်ဖို့ မာမီ သင်ထားတယ်နော်
ပိုးလွန်းငယ်... ဘာ ဘုန်းခေါင်လဲ..
ကာကွယ်ပေးနေတာကိုလည်း အခုရပ်.. "" မငေါက်ပါနဲ့ ဒေါ်ဖြူဖြူကလည်း
မောင်တို့ရဲ့ ကလေးတွေကို "
YOU ARE READING
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...