[ Unicode ]
ဒီဇင်ဘာလရဲ့ မနက်ခင်းဟာ နှင်းတွေပြည့်လျှံနေတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ဆော့ကစားနေတဲ့ ကလေးရယ်သံတွေနဲ့ အစပြုတယ်။ စိုထိုင်းထိုင်း ဂွမ်းကပ်စောင် အောက်မှာ ဇိမ်ကျကျ ကွေးနေတဲ့ ဂျောင်ဂုဟာ အပူအပင်ကင်းမဲ့စွာ ဆော့ကစားနေတဲ့ ကလေးတွေထက် ပိုအေးချမ်းသာယာတယ်။
သေချာစိထားတဲ့ သစ်သားပြတင်းပေါက်ရဲ့ ခြစားထားတဲ့ အပေါက်ကနေ ထွက်စပြု နေအလင်းတန်းက တိုးဝင်တယ်။ မြင်းလှည်းသံ ခပ်တိုးတိုး ဖြတ်သွားတာကိုလည်း ကြားရတယ်။ ဂွမ်းကပ်စောင်အောက်ကနေ ထွက်လာတဲ့ ဂျောင်ဂုဟာ ခေါင်းအုံးဘေးက မှတ်စုစာအုပ်ကို ဖွင့်ကြည့်တယ်။
အကြိုက်ဆုံး ဓာတ်ပြားတစ်ချက်ဝယ်မယ် ။
အာလူးစွပ်ပြုတ်မစားဘူး ။ အနံ့တောင်မရချင်ဘူး ။ မီးဖိုမှာ အသားကင်ရင်းစားမယ် ။
နှစ်ချို့ဝိုင် သောက်မယ် ။
အခန်းကို အလှဆင်ဖို့ ပစ္စည်းတွေဝယ်မယ် ။
ရေခဲပြင် စကိတ်စီးမယ် ။ဒါတွေဟာ လာတော့မယ့် ခရစ္စမတ်အတွက် လုပ်ရမယ့် စာရင်းတွေ ၊ မနေ့ကရတဲ့ လစာနဲ့ ချင့်တွက်ပြီး စီစဉ်ထားတာ။ သူများတွေ တစ်လလုပ်အားခရဲ့ တစ်ဝက်ပဲရတဲ့ ဂျောင်ဂုအတွက် စီစဉ်ထားတဲ့ ခရစ္စမတ် လက်ဆောင်ဟာ မညီမျှဘူး(မလောက်ဘူး)။
အသားကင်ကို ပါးစပ်ထဲအပြည့်ထည့် ၊ နှစ်ချို့ဝိုင်ကို ကိုင်သောက်ရင်း အခန်းထဲမှာ တစ်ယောက်တည်း လွတ်လပ်စွာ ကနိုင်ရင်ကို ကျေနပ်တယ်။
ဂျောင်ဂုဟာ ဝေစလန်မြို့မှာ စာပို့သမားလုပ်နေတဲ့ ရိုးရှင်းတဲ့ လူငယ်လေး ဖြစ်တယ်။ နေထိုင်ဖို့ မြို့ထဲက တည်းခိုခန်းရဲ့ ဈေးအပေါဆုံး အခန်းကို ရွေးတယ်။ ဈေးပေါတယ်ဆိုတာ ဂျောင်ဂု လုပ်အားခရဲ့ တစ်ဝက်ကို လတိုင်းပေးနေရတဲ့ နေရာဖြစ်တယ်။ ကျန်တဲ့တစ်ဝက်ဟာ တစ်လလုံး လောက်ငှစွာ သုံးဖို့ရန် နည်းလွန်းတော့ အာလူးစွပ်ပြုတ်ကပဲ အဖော်ပြုစေတယ်။
ဒီလရဲ့အခန်းခဟာ နောက်လမှ ပေးမယ်လို့ ဖျောင်းဖျထား၍ ခရစ္စမတ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်မယ်လို့တွေးတယ်။ လက်ရှိကိုသာ ဘယ်လိုပျော်အောင် လုပ်မလဲ တွေးရတာက အနာဂတ်ကို ကြိုစိတ်ပူနေတာထက် ခံသာရှိဦးမယ်။