2 : We need to send envelopes peacefully

85 16 2
                                    

[ Unicode ]

ဝေစလန်မှာ ဘယ်အရာက အလှဆုံးလဲလို့ မေးရင် ပန်းဆိုင်ထဲက သူ၏မေမေဟု ဂျောင်ဂု ဖြေလိမ့်မယ်။ သစ်သားအိမ်ပုလေးဟာ သားအမိ နှစ်ယောက် နေဖို့နဲ့ ပန်းဆိုင်ဖွင့်ဖို့ လုံလောက်တယ် ။ မြို့ထဲက လူအများစုဟာ ပန်းနှစ်ခြိုက်သူတွေဖြစ်ရာ ဂျွန်မေလ်ဒရက် အတွက် ရောင်းကောင်းတဲ့ နေ့လေးတွေ များတယ်။(တစ်ခါတစ်ရံ ရောင်းမကောင်းပါ)

ပန်းဆိုင်က ရတဲ့ပိုက်ဆံနဲ့ ဂျောင်ဂုလေးကို ကျောင်းထားပေးတဲ့ မေလ်ဒရက်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားလို ခံစားရတယ်။ (၁၀)နှစ်အရွယ် ဂျောင်ဂုလေးဟာ ကျောင်းသွားရတာထက် သူတို့ဆိုင်ရှေ့မှာ ဖျော်ဖြေလေ့ရှိတဲ့ တယောထိုးဆရာကို စိတ်ဝင်စားတယ်။ သာယာငြိမ့်ညောင်းတဲ့ တူရိယာအသံနဲ့ မေမေရဲ့ ပန်းဆိုင်လေးဟာ ဂျောင်ဂုအတွက် သုခဘုံပါပဲ။

တစ်နေ့မှာ တယောထိုးဆရာဟာ ရောက်မလာတော့ပါ။ ဂျောင်ဂုရဲ့ စိတ်ကူးယဉ်ဆန်ဆန် ကမ္ဘာလေးဟာလေး ပျောက်သွားတယ်။ တယောထိုးဆရာ ပေါ်မလာတာ တစ်ပတ်ကြာပြီးတော့ ပန်းဆိုင်‌‌ လေးစီ မေလ်ဒရက်ကို လာတွေ့တဲ့ သူမ သူငယ်ချင်း ဒန်နီရယ်နဲ့  ကောင်လေးတစ်ယောက် ရောက်လာတယ် ။ ဒန်နီရယ်ဟာ ထိုကောင်လေးမှာ သူ့တူ ကင်မ်ထယ်ဟျောင်း ဖြစ်ကြောင်း မိတ်ဆက်လာတယ်။

ထယ်‌ဟျောင်းဟာ တစ်လျှောက်လုံး ပန်းတွေကို နေရာချနေတဲ့ မျက်လုံးဝိုင်းဝိုင်း ဂျောင်ဂုလေးအား ဝါးစားမတတ် ကြည့်တယ်။ ပြန်ခါနီးမှာ အားရကျေနပ်နေတဲ့ လေသံနဲ့ ဂျောင်ဂုအား စကားတစ်ခွန်းပြောသွားတယ် ။

" မင်းရဲ့တယောဆရာက ငါ့အိမ်မှာ အဖိုးအခနဲ့ နေ့တိုင်းဖျော်ဖြေနေတာ "

စတွေ့ကတည်းက အနှောက်အယှက်တွေ ပေးလာတဲ့ ကင်မ်ထယ်ဟျောင်းနဲ့ ငယ်ပေါင်း သူငယ်ချင်း ဖြစ်လာမယ်ဆိုတာ ဂျောင်ဂု တစ်ခါမှ စိတ်ကူးမထားဖူးတဲ့ အရာဖြစ်တယ်။

• • •

" တက် "

" ဘယ်သူက ဘူတာရုံကို စက်ဘီးနဲ့ သွားမယ်လို့ ပြောလို့လဲ "

" စက်ဘီးနဲ့မသွားလို့ ခြေလျင်သွားမလို့လား? ၊ ကောင်းတယ် ၊ ငါလည်းတင်နင်းစရာ လူမရှိတော့ သက်သာတာပေါ့ "

Ante-Christmas Where stories live. Discover now